(၅) နှစ်တာ အချိန်ပေးဖန်တီးယူခဲ့ရတဲ့ ထူးထူးခြားခြား ကိုယ်ပျောက်သိုးမွှေးထည်များ

josephford

ဂျိုးဇက်ဖို့ဒ်ဆိုသူ ဓာတ်ပုံဆရာ အမျိုးသားဟာ သိုးမွှေးထိုးပညာရှင် နီနာဒေါ့ဆိုသူ အမျိုးသမီးနဲ့ ပူးပေါင်းကာ ရင်သပ်ရှူမောဖွယ်ကောင်းလှတဲ့ အနုပညာဖန်တီးမှူတွေကို ပြုလုပ်ခဲ့ပါတယ်။ ဒီဖန်တီးမှူကို သူတို့နှစ်ဦးက Invisible Jumpers လို့ အမည်ပေးထားပါတယ်။ နီနာဟာ ဂျိုးဇက်ကို ဘတ်စ်ကားထိုင်ခုံဖုံးတွေပေါ် အခြေခံထိုးထားတဲ့ သူမရဲ့သိုးမွှေးထည်တွေ ပြသပြီးတဲ့နောက် Invisible Jumpers Series ဟာ ပေါ်ထွက်လာတာ ဖြစ်ပါတယ်။

Boredpanda ကနေတဆင့် တွေ့ရတဲ့ ဓာတ်ပုံတွေမှာတော့ နီနာနဲ့ ဂျိုးဇက်တို့ ပူးပေါင်းဖန်တီးထားတဲ့ ရလဒ်တွေကို အံ့အားသင့်ဖွယ်ကောင်းလောက်အောင် တွေ့မြင်ရမှာပါ။ သူတို့ဟာ သိုးမွှေးထည်တွေနဲ့ စိတ်တိုင်းကျတဲ့ ဓာတ်ပုံတစ်ပုံရဖို့အရေး ရက်ပေါင်းများစွာ လပေါင်းများစွာ အပင်ပန်းခံ ကြိုးစားခဲ့ကြတာဖြစ်ပါတယ်။

josephford

ဂျိုးဇက်တို့ဟာ အိုင်ဒီယာတစ်ခုပေါ်လာတဲ့အခါ အဲ့ဒီအိုင်ဒီယာကို အသက်သွင်းဖို့ နေရာအရင်လိုက်ရှာရပါတယ်။ အဲ့ဒီနေရာကလည်း တွေ့လိုက်တာနဲ့ တစ်ခါတည်း လူ့အာရုံကို ဆွဲဆောင်ဖမ်းစားနိုင်တဲ့ နေရာမျိုးဖြစ်ရပါမယ်။ နေရာရွေးတဲ့အခါမှာလည်း နောက်ခံပတ်ဝန်းကျင် အလွယ်တကူ ပြောင်းလဲသွားမယ့်နေရာမျိုးတွေဆို ရွေးလို့မရပါဘူး။

josephford

ဘာကြောင့်လဲဆိုတာ့ နေရာရွေးမှားသွားရင် ချိန်ကိုက်ပြီး သိုးမွှေးဆွယ်တာတွေ အကုန်ထိုးပြီးကာမှ အလဟဿဖြစ်ကုန်မှာ စိုးတာကြောင့်ပါ။ တကယ်လို့ နေရာရွေးပြီးပြီ၊ သေချာသတ်မှတ်ပြီးပြီဆိုရင်တော့ နီနာက သိုးမွှေးတွေ စတင်ထိုးပါတယ်။ သိုးမွှေးထိုးတာက ရက်သတ္တပတ်အနည်းငယ်လောက်ထိ ကြာတတ်ပါတယ်။ နီနာရဲ့သိုးမွှေးဆွယ်တာတွေ အသင့်ဖြစ်ပြီဆိုရင်တော့ ဂျိုးဇက်က ကနဦးရွေးထားတဲ့ နေရာဆီသွားပြီး ဓာတ်ပုံရိုက်ယူရုံပါပဲ။ အခုလို လှပပြီး ထူးခြားတဲ့အိုင်ဒီယာကို အကောင်အထည်ဖော်ဖို့ ဂျိုးဇက်နဲ့ နီနာတို့ဟာ နာရီပေါင်းများစွာ ရက်ပေါင်းများစွာ () နှစ်တိုင်တိုင် အပတ်တကုတ် ကြိုးစားခဲ့ရတာ ဖြစ်ပါတယ်။ အောက်မှာတော့ သူတို့ရဲ့အနုပညာလက်ရာတွေကို အခုလို အဆန်းတကြယ်တွေ့မြင်ရမှာပါ။

josephford
josephford
josephford
josephford
josephford
josephford
josephford
josephford
josephford
josephford
josephford

လင်းလင်း (ShweMom)

SHARE