“မြမြ” ဇာတ်ကားရုံတင်ပြသမယ့် ရက်ကို ကြေညာ

Image:fb/မြမြ & Thinzar

ဒါရိုက်တာ ညို မင်းလွင်က ရိုက်ကူး ပုံဖော် ထားပြီး သင်ဇာဝင့်ကျော် ပါဝင် သရုပ်ဆောင်ထားတဲ့ မြမြ ဇာတ်ကား ရဲ့ ရုံတင်ရက်ကို တော့ ကြေညာလိုက်ပါပြီ။မြမြ ရဲ့ Facebook စာမျက်နှာပေါ်မှာ တင်ခဲ့တာပါ။(၂၀၂၀) ဖေဖော်ဝါရီ (၆) ရက်နေ့မှာ ရုံတင်ပြသမှာပါ။သင်ဇာ ကတော့ မြမြ ဆိုတဲ့ ဇာတ်ကောင် နေရာကနေပါဝင် သရုပ်ဆောင်ထားပါတယ်။ဒီဇာတ်ကားမှာတော့ ဒီးဒီး လည်း ပါဝင်ထားပြီး ဒီဇာတ်ကားကတော့ သူ့ရဲ့ ပထမဆုံး ရုပ်ရှင်ကားပါ။

Image:fb/မြမြ
Image:fb/မြမြ

မြမြ ဇာတ်ကားရဲ့ မင်းသားစာရင်းကို ကြေညာခဲ့ချိန် အစပိုင်းမှာတော့ ဖြိုးမြတ်အောင် ကိုပါ ကြေညာခဲ့ပါတယ်။ဒါပေမယ့် နောက်ပိုင်းမှာတော့ မြမြ မှာ ပါဝင် ဖို့ကို ပြန်ရုပ်သိမ်းသွားခဲ့ပါတယ်။မြမြ ဇာတ်ကား အတွက် လူကြမ်း မုဒိမ်းကောင် တွေ နေရာ အတွက် လူရွေးပွဲ ကျင်းပပြီး ရွေးချယ်ခဲ့ကြတာပါ။မြမြ ဇာတ်ကား မှာ မုဒိမ်း ကောင်တွေ နေရာကနေ သရုပ်ဆောင်ဖို့ ကျင်းပခဲ့တဲ့ လူရွေးပွဲ ကတော့ အွန်လိုင်းပေါ်မှာ တော်တော်လေး လူပြောများခဲ့ပါသေးတယ်။

READ
နှစ်ပေါင်း(၂၀)ကျော်ကြာပြီးမှ ဘွဲ့ရခဲ့လို့ ပျော်နေတဲ့ မင်းသမီး Bryce Dallas Howard
Image:fb/မြမြ
Image:fb/မြမြ

မြမြ ဆိုတဲ့ မိန်းကလေးရဲ့ အကြောင်းကတော့ Fb မှာ တော်တော် လေး နာမည်ကြီးခဲ့တာပါ။ တောင်ဒဂုံ လိုင်စင်ရုံးနားမှာဖြစ်သွားခဲ့တာပါ။ပြီးခဲ့တဲ့ မြန်မာနှစ်ဆန်းတစ်ရက်နေ့မှာ ဖြစ်ခဲ့တာပါ။မိန်း ကေ လး တစ်ယောက်ကို မြမြဆိုတဲ့ သရဲဝင်ပူးခဲ့တာပါ။မြမြက သူမဟာ အသတ်ခံခဲ့ရတဲ့ အကြောင်းနဲ့ သူမရဲ့ အကြောင်းကို အမှု မှန်ပေါ်ပေါက်အောင် ဖော်ထုတ်ပေးဖို့ ပြောခဲ့တာပါ။အဲ့ဒီမိန်းကလေးကို သရဲဝင်ပူးတဲ့ ဗီဒီယိုဖိုင်ကတော့ အွန်လိုင်းပေါ်မှာ တော်တော် လေး နာမည်ကြီးခဲ့ပါတယ်။မြမြရုပ်ရှင်ဇာတ်ကားရဲ့ ရိုက်ကူးရေးတွေကိုတော့ (၁၀) လပိုင်းလောက်က ပြုလုပ်ခဲ့ပြီး နှစ်လ ပိုင်း မှာ ရုံတင်ပြသ တော့မှာပါ။

Image:fb/Thinzar Wint Kyaw

Source:Fb/Mya Myan & Thin Zar Wint Kyaw

SHARE