ငွေစက္ကူ(၇)ရွက် ရိုက်ကွင်းပုံရိပ်လေးတွေကို ဝေမျှ လိုက်တဲ့ မြနှင်းရည်လွင်

Image:fb/Myahnin Yee Lwin

MRTV 4 မှာ လက်တလောပြသနေတဲ့ ငွေစက္ကူ(၇)ရွက် ဇာတ်လမ်းတွဲ ကတော့ ပရိသတ်တွေကြားမှာ အရမ်းကို နာမည်ကြီးနေပါတယ်။ထူးခြားတဲ့ ဇာတ်လမ်းဇာတ်အိမ်တည်ဆောက်မှုကြောင့်လည်း ပရိသတ်ရဲ့ အထူးစိတ်ဝင်စားမှုကို ရခဲ့တာပါ။ဒီဇာတ်ကားထဲမှာတော့ သရုပ်ဆောင်မင်းသမီးချော မြနှင်းရည်လွင် လည်း ပါဝင်သရုပ်ဆောင်ထားပြီး သူမရဲ့ သဘာဝကျလွန်းတဲ့ သရုပ်ဆောင်ချက်တွေကတော့ ပရိသတ်တွေကြားမှာ အရမ်းကို ရေပန်းစားနေပါတယ်။

Image:fb/Myahnin Yee Lwin
Image:fb/Myahnin Yee Lwin
Image:fb/Myahnin Yee Lwin
Image:fb/Myahnin Yee Lwin

မြနှင်းရည်လွင်ကတော့ သူမရဲ အကောင့်မှာ ရိုက်ကွင်းပေါ်က ပုံလေးတွေကို ပြန်လည် ဝေမျှထားပါတယ်။မြနှင်းရည်လွင် ကတော့ ဒီဇာတ်ကားထဲမှာ ဝေနှင်းဖြူ ဇာတ်ကောင်နေရာကနေ သရုပ်ဆောင်ထားပါတယ်။ဆင်းရဲတဲ့ဘ၀ ကနေ ရုန်းထွက်ချင်တဲ့ မိန်းကလေး၊KTV မှာ အလုပ်လုပ်တဲ့ ကောင်မလေး နေရာကနေ သရုပ်ဆောင်ထားပါတယ်။

Image:fb/Myahnin Yee Lwin
Image:fb/Myahnin Yee Lwin
Image:fb/Myahnin Yee Lwin

ငွေ စက္ကူ(၇)ရွက် ရဲ့ ဇာတ်လမ်းက တော့ လူနေပါ။ ဇာတ်ညွှန်းကတော့ သည်ခေတ်နေ၊ လူနေ၊ ကျောင်းတော်သား တို့ ရေးသားထားတာပါ။ဒါရိုက်တာကတော့ သည်ခေတ်နေပါ။ သရုပ်ဆောင်တွေအဖြစ် ဟိန်းထက်၊နန်းစန္ဒာ လှထွန်း၊ မြနှင်းရည်လွင်၊ သီဟ၊ အောင်ခန့်မှူး၊  ဇင်ဝိုင်း၊ ရဲအောင်၊ ဂျူးဂျူးကေ…အစရှိတဲ့ သရုပ်ဆောင်တွေ အများကြီး ပါဝင်ထားပါတယ်။

READ
ဆွဲဆောင်မှုရှိလွန်းတဲ့ ပုံရိပ်တွေနဲ့ ဖမ်းစားလိုက်ပြန်တဲ့ ပိုပို
Image:fb/Myahnin Yee Lwin
Image:fb/Myahnin Yee Lwin
Image:fb/Myahnin Yee Lwin

Source မြနှင်းရည်လွင်

SHARE