ပရိသတ်ရဲ့ လေးစားအားကျမှုကိုပါ ရထားတဲ့ ထက်မြက်တဲ့ အမျိုးသမီးဆယ်လီများ

မြန်မာနိုင်ငံရဲ့ စာပေ၊ဂီတ၊ရုပ်ရှင်.အစရှိတဲ့ အနုပညာ နယ်ပယ်ကြီးထဲမှာ ကျင်လည်ပြီး အောင်မြင်နေကြတဲ့ အမျိုးသမီး ဆယ်လီတွေ အများကြီးရှိပါတယ်။ အဲ့ဒီအထဲကမှ ပရိသတ်တွေရဲ့ ချစ်ခင်မှုအပြင် အပိုထပ်ဆောင်းပြီး လေးစားအားကျမှု ကိုပါ ရထားတဲ့ အမျိုးသမီးဆယ်လီတွေ ရှိပါတယ်။ သူတို့တွေကတော့ စာရေး ဆရာမ၊မင်းသမီး၊ဒါရိုက်တာ..အစရှိ တဲ့ သူတို့ရဲ့အလုပ်နဲ့ ရပ်တည်မှုဆိုတဲ့ အပေါ်ယံလွှာ တစ်ခုတည်းကိုပဲ ချစ်ခင်လေးစားတာ မဟုတ်ပဲ  သူတို့ရဲ့  Personality အပေါ် ချစ်ခင်လေးစားကြတာပါ။ ပရိသတ်တွေဆီက လေးစား အားကျမှုဆိုတဲ့ အရာတွေကိုပါ ရထားကြတဲ့ အနုပညာနယ်ပယ်ထဲက ဆယ်လီတွေကတော့……………

#အကယ်ဒမီမင်းသမီးကြီး ဒေါ်ဆွေဇင်ထိုက်

Christina Kyi’s fb

ပထမဆုံးအနေနဲ့ ရွေးပေးချင်တဲ့ တစ်ယောက်ကတော့ အနုပညာလောကမှာ လူတိုင်းလေးစား အားကျရတဲ့ အကယ်ဒမီ မင်းသမီးကြီး ဒေါ်ဆွေဇင်ထိုက်ပါ။(၁၉၇၁)ခုနှစ်မှာ အနုပညာလောကထဲကို စတင်ဝင်ရောက်လာခဲ့ပြီး ဇာတ်ကား ပေါင်း (၂၀၀)ကျော်မှာ ပါဝင်သရုပ်ဆောင်ခဲ့သူပါ။(၁၉၉၁)ခုနှစ်မှာတော့ သူမရဲ့ သရုပ်ဆောင်အလုပ်ကနေ အနားယူခဲ့ ပါတ ယ်။သူမဟာ လက်ရှိမှာတော့ Population Services International ၊international NGO  တို့နဲ့ အတူ လက် တွဲအလုပ်လုပ်နေပါတယ်။အဓိကကတော့  Sex နဲ့  HIV education ကို အဓိကထားလုပ်ဆောင်တာပါ။လက်ရှိ မြန်မာ့ရုပ်ရှင်လောကနဲ့ပတ်သက်ပြီးလည်း အင်တာဗျူးတွေမှာ အရှိကို အရှိအတိုင်း သူမရဲ့ အမြင်ကို ထုတ်ပြော တတ် သူပါ။ပညာတတ်ဆန်တဲ့ စကားအပြောအဆိုနဲ့ နေပုံထိုင်ပုံတွေကြောင့် ပရိသတ်လေးစားမှုကို ရထားတဲ့ အမျိုးသမီး တစ်ယောက်ပါ။

READ
ပရိသတ်တွေပါးစပ်အဟောင်းသားဖြစ်သွားမယ့် ကမ္ဘာကျော်တွေရဲ့ အိမ်များ

#စာရေးဆရာမ ဂျူး

ဆရာမ ဂျူးရဲ့ fb

စာရေးဆရာမက ဂျူးကတော့ အမျိုးသမီးထုရဲ့ အားပေးဝန်းရံမှုကို အပြည့်အ၀ရထားတဲ့ စာရေးဆရာမ တစ်ယောက်ပါ။ အမျိုးသမီးထုရဲ့ Role Model၊ စံထားစရာ ပုဂ္ဂိုလ်တစ်ယောက်အဖြစ် သတ်မှတ်ခံထားရသူ တစ်ယောက်ပါ။ ဆရာမ ဂျူး ရဲ့ နာမည်အရင်းကတော့ တင်တင်ဝင်းပါ။ ဆရာမကတော့ ရေနံချောင်းဇာတိကပါ။မန္တလေးဆေးတက္ကသိုလ်မှာ ဆေး ပညာ ကို လေ့လာသင်ယူခဲ့သူပါ။ဆရာမကတော့ သူမရဲ့ စာအုပ်တိုင်းလိုလိုမှာ ထက်မြက်ပြီး Strong ဖြစ်တဲ့ အမျိုး သမီး ဇာတ်ကောင်တွေကို ထည့်သွင်းအသက်သွင်းလေ့ ရှိပါတယ်။ ဒါကြောင့်လည်း သူမကို တစ်ချို့က Feminist တစ်ေ ယာက်ဆိုပြီး မြင်ကြတာ၊ ဝေဖန်ကြတာတွေလည်း ရှိပါတယ်။ အမျိုးသမီးတွေကို  ထက်မြက်ပြီး Strong ဖြစ်စေချင် တဲ့ စေတနာတိုက်တွန်း စကားတွေကိုလည်း ကြုံရင်ကြုံသလို အမြဲပြောလေ့ရှိသူပါ။ ပညာတတ်ဆန်လွန်းတဲ့ ဆရာမရဲ့ စကားတွေကတော့ အမျိုးသမီးထုအတွက် ခွန်အားတစ်ခုပါ။

ဆရာမ ဂျူးရဲ့ fb

#ဒါရိုက်တာ ခရစ်စတီးနားခီ

Christina Kyi’s fb

ဒါရိုက်တာ ခရစ်စတီးနားခီကတော့ လက်ချိုးပြီးရေလို့ရတဲ့ မြန်မာနိုင်ငံရဲ့ လူနည်းစုသော အမျိုးသမီး ဒါရိုက်တာေ တွထဲက တစ်ယောက်ပါ။အမျိုးသမီးထုကြီးရဲ့ ၀န်းရံအားပေးမှုကို ရထားတဲ့ အမျိုးသမီးဒါရိုက်တာ တစ်ယောက်ပါ။ သူမရဲ့ ရင့်ကျက်တဲ့ အပြောအဆို၊အတွေးအခေါ်တွေက လူငယ်တွေ အတွက်တော့ တကယ့်ကို တန်ဖိုးရှိပါတယ်။  ပညာရေး၊ရုပ်ရှင်အနုပညာ…အစရှိတဲ့နယ်ပယ်တွေအပေါ် သူမရဲ့ အမြင်နဲ့   သုံးသပ်ဝေဖန် ပြောဆိုတာလေးတွေကို လူကြီးတွေရော၊လူငယ်တွေကပါ လေးစားအသိအမှတ်ပြုခဲ့ကြပါတယ်။လက်ရှိ အနုပညာ နယ်ပယ်ထဲမှာ အခုလို ရပ်တည်နိုင်ဖို့ ဝေဖန်ထိုးနှက်မှုတွေ အများကြီးကို ကြံ့ကြံ့ခံခဲ့ရသူပါ။”ခံယူချက်က မှန်ရင်တဆုံးထိသွားလို့ရတယ်….” ဆိုတဲ့ သူမရေးတင်ခဲ့ဖူးတဲ့ Post တစ်ခုဟာလည်း လူငယ်တွေကြားမှာ အတော်လေးကို ရေပန်းစားခဲ့ပါတယ်။

Christina Kyi’s fb

““ရုပ်ရှင် ၂ကားထွက်တော့ ဝေဖန်တာမဟုတ်ပဲ တိုက်ခိုက်သူတို့ ပျော်ပျော်ကြီးရေးတဲ့အထဲမှာ ဇဏ်ခီ အသုံး မကျကြောင်းမပြောရုံတမယ် သူ့ယောင်္ကျားကြီးဖြစ်ထွန်းဖို့ လုပ်တယ် ဘာညာ အပလာတွေကြားမှာ ဟားဟား ဟီဟီ comments တွေ like တွေ love တွေကို မျက်ရည်တွေကြား မမြင်ဟန်ဆောင်ခဲ့ရတယ်…
အဲ့ တုန်းက အိပ်ဆေးသောက်နေတာတောင် ၂ယောက်မအိပ်နိုင်ေ လာက်အောင်ပူပင်သောကေ တွနဲ့ပြည့်နှက်ခဲ့ရပါတယ်…အကြွေးတွေပတ်လည်ဝိုင်းလို့ပေါ့)…အဲ့တုန်းကသူတို့တိုက်ခိုက်တာနိုင်သွားခဲ့ရင် ကျမတို့ဘဝ မတွေးရဲစရာ…အခုတော့ တခုတွေးမိတယ်…ဒီလောက်အသုံးမကျတဲ့ ဇဏ်ခီ့ ပုံရိပ်(ဘယ်တုန်းကမှမထုတ်ခဲ့ပဲ)ဘာကြောင့်ထုတ်ချင်တာလဲလို့…ကျမသာဆို ရိုက်ထားတာတွေအမှိုက်ပုံးထဲ လွှင့်ပစ်လိုက်မှာ…ဘာလို့လည်းဆိုတော့ ခံယူချက်က မှန်ရင်တဆုံးထိသွားလို့ရတယ်လေ…ငွေကြောင့်လည်း ကိုယ့်ယုံကြည်ချက်ကိုပြောင်းလဲစရာမလိုဘူးမှတ်လား…
(ကျမရဲ့ မနက်ခင်းအတွေး…
ခံယူချက်နဲ့အနုပညာ)..”

Christina Kyi’s fb

Source စာရေးဆရာမ ဂျူး#ဒါရိုက်တာ ခရစ်စတီးနားခီရဲ့ Facebook

SHARE