အမာခံ အမျိုးသမီးပရိသတ်တွေ အများကြီးပိုင်ဆိုင်ထားတဲ့ အမျိုးသမီး ဆယ်လီများ

မြန်မာနိုင်ငံမှာတော့ အမျိုးသားပရိသတ်တွေရဲ့ ဝက်ဝက်ကွဲ အားပေးဝန်းရံခြင်းကို ခံရတဲ့ နာမည်ကျော်  အမျိုးသမီးအနုပညာရှင် ဆယ်လီတွေ အများကြီး ရှိသလို အမာခံအမျိုးသမီး ပရိသတ်တွေ ပိုင်ဆိုင်ထားတဲ့ အမျိုးသမီး အနုပညာရှင် ဆယ်လီအချို့လည်း ရှိပါတယ်။ သူတို့တွေကတော့ မိန်းကလေး ပရိသတ်တွေ အားကျလောက်ရလောက်တဲ့ အရည်အချင်းတွေ ချစ်စရာကောင်းတဲ့ စိတ်ထားတွေကို ပိုင်ဆိုင်ထားသူတွေ ဖြစ်တာကြောင့်လည်း မိန်းကလေး ပရိသတ်တွေ အများကြီး ရရှိထားတာဖြစ်ပါတယ်။ အောက်မှာတော့ အမျိုးသမီးထုရဲ့ အချစ်တော်ဆယ်လီမမများ စာရင်းကို ဖော်ပြပေးထားတယ်နော်။

၁။ နေခြည်ဦး

အလှအပနဲ့ ပတ်သက်တာတွေကို မိန်းကလေးတွေအတွက် အမြဲဝေမျှပေးနေတဲ့ သူမကတော့ မိန်းကလေးတော်တော်များများ See First ထားရတဲ့ ဖေ့စ်ဘုတ်ပေါ်က  Beauty Blogger ဆယ်လီတစ်ယောက် ဖြစ်ပါတယ်။ နေခြည်ဦးဟာ အမာခံ မိန်းကလေး ပရိသတ်ကို ပိုင်ဆိုင်ထားပြီး သူမကို အားပေးတဲ့  “Chillies” ဆိုတဲ့ ဖန်ကလပ်တောင် ရှိပါတယ်။

READ
Lee Dong Wook ရဲ့ နှုတ်ခမ်းအမြဲ နီနေရတဲ့ လျှို့ဝှက်ချက်

၂။ ဖွေးဖွေး

ဝေဖန်မှုတွေကို ကြံ့ခိုင်တဲ့ စိတ်ဓါတ်နဲ့ ဖြေရှင်းလေ့ရှိတဲ့ ဖွေးဖွေးကတော့ ပြတ်သားတဲ့ စိတ်ဓါတ်ရှိသူလေးတစ်ယောက်ပါ။ သူမဟာ အနုပညာလောကကို စတင်ဝင်ရောက်လာတဲ့ အချိန်ကတည်းက မိန်းကလေး ပရိသတ်တွေ အများကြီး ရရှိထားတဲ့ သူတစ်ယောက်ပါ။

၃။ သက်မွန်မြင့်

ရိုးသားတဲ့ တိုင်းရင်းသူလေး တစ်ယောက်ဖြစ်ပြီး ပွင့်ပွင့်လင်းလင်းနေတတ်တဲ့ ဟန်ပန်လေးတွေကြောင့် ပရိသတ်တွေ အချစ်ပိုရတဲ့ သက်မွန်လေးပါ။ အနေအေးတဲ့ သူတစ်ယောက်ဖြစ်တဲ့အပြင် အနုပညာလောကမှာ အရှုပ်အရှင်း သတင်းကင်းတဲ့ မင်းသမီးလေးတစ်ယောက်ဖြစ်တာကြောင့် မိန်းကလေး ပရိသတ်တွေရဲ့ အချစ်ကို ရရှိထားတာလည်း ဖြစ်ပါတယ်။

၎။ ဧငြိမ်းဖြူ

သရုပ်ဆောင်တစ်ယောက်အဖြစ်သာမက dancer တစ်ယောက်အဖြစ်ပါ ပရိသတ်တွေရဲ့ အချစ်တွေကို ရရှိနေတဲ့ ဧငြိမ်းဖြူကတော့ သူမရဲ့ ခပ်မိုက်မိုက် ပုံရိပ်တွေနဲ့ မိန်းကလေး ပရိသတ်တွေရဲ့ အချစ်ကို သိမ်းပိုက်ထားသူ တစ်ယောက်ပါ။

READ
ရေစိုအလှနဲ့ အားလုံးကို ရူးအောင်လုပ်လိုက်တဲ့ HyunA

၅။ သင်ဇာဝင့်ကျော်

သူမကတော့ ယောကျာ်းလေး ပရိသတ်တွေရဲ့ အသဲကိုလည်း တဖြုတ်ဖြုတ်ကြွေအောင် လုပ်တတ်သူလေးဖြစ်ပြီး သူမရဲ့ လှပကျန်းမာကြံ့ခိုင်တဲ့ ဘော်ဒီ အချိုးအစားကတော့ မိန်းကလေး ပရိသတ်တွေ အားကျရလောက်အောင် မိုက်လွန်းပါတယ်။ အမျိုးသမီး သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ အေးမြတ်သူကတောင် သင်ဇာဝင့်ကျော်ရဲ့ ဘော်ဒီကို အရမ်းသဘောကျပါတယ်လို့ ပြောခဲ့ပါသေးတယ်။

Source: Facebook

SHARE