မြန်မာ့လက်ဝှေ့ကို ချီးကျူးစကား ပြောသွားခဲ့တဲ့ One Championship ရဲ့ ပိုင်ရှင်

Facebook/Chatri Sityodtong

ပြီးခဲ့တဲ့ ဧပြီလ ၂၈ ရက်နေ့တုန်းက Insider မဂ္ဂဇင်း နဲ့ One Championship ပိုင်ရှင် Chatri Sityodtong တို့ အင်တာဗျူးခဲ့ကြပါတယ်။ အင်တာဗျူးထဲမှာတော့ ကပ်ရောဂါအပြီး အစီအစဉ်တွေကို ဆွေးနွှေးခဲ့ကြတာပါ။ မနီလာမြို့မှာ ဖေဖော်ဝါရီလထဲ ကျင်းပသွားမယ့် ပွဲတစ်ပွဲကိုတော့ လက်ရှိအခြေအနေတွေကြောင့် မေလ ၂၉ ရက်နေ့ကို ရွှေ့ဆိုင်းခဲ့ရပါတယ်လို့ Chatri Sityodtong ပြောခဲ့ပါတယ်။ ထပ်ပြီး ဒီကပ်ရောဂါပြီးသွားတဲ့အချိန်မှာ One Championship ရဲ့ ပွဲစဉ်တွေမှာ အာရှရဲ့ကိုယ်ခံပညာရပ်တစ်ခုကိုလည်း ပွဲတွေထဲ အသစ်ထပ်မံ ထည့်သွင်းသွားဦးမှာပါလို့ ပြောခဲ့ပါသေးတယ်။

အဲဒါကတော့ မြန်မာ့လက်ဝှေ့ပါပဲ။ One Championship ပိုင်ရှင်အနေနဲ့ ထိုင်းနိုင်င်ငံမှ မွေ့ထိုင်းတို့လို အာရှရဲ့ကိုယ်ခံပညာအားကစားတွေကို စုစည်းပြီး ပွဲတွေလုပ်လာခဲ့ပေမယ့်လို့ မြန်မာ့လက်ဝှေ့လောက် ကြမ်းတမ်းခက်ထန်တာကို မတွေ့ဖူးသေးပါဘူးတဲ့။

မြန်မာ့လက်ဝှေ့ကိုတော့ Chatri Sityodtong တင်ချီးကျူးခဲ့တာမဟုတ်ဘဲ နာမည်ကျော်သတင်းဌာနတွေဖြစ်တဲ့ Bloody Elbow နဲ့ Vice တို့ကလည်း ကမ္ဘာ့ကိုယ်ခံပညာအားကစားနည်းတွေထဲ အမိုက်ဆုံးနဲ့အကြမ်းတမ်းဆုံးအဖြစ် ဖော်ပြထားခြင်း ခံခဲ့ရတာပါ။ သူတို့ဆိုအရတော့ လက်ဝှေ့ဟာ တခြားလိုမဟုတ်ဘဲ တစ်ဖက်ကပြိုင်ဖက်ကစားသမားကို လုံးဝ အလဲထိုးနိုင်ကာမှ အနိုင်ရမှာ ဖြစ်တဲ့အတွက် တော်တော်လေးကို ကြမ်းတမ်းတာပါတဲ့။

READ
ဆိုင်ကယ်ကို မတော်တရော်လုပ်ဖို့ ကြိုးစားခဲ့ပေမယ့် ထောင်ဒဏ်ကင်းလွတ်ခွင့်ရခဲ့သူ

https://www.instagram.com/p/B8SErLCpf3J/

Chatri Sityodtong ကတော့ သူသဘောကျရတဲ့ မြန်မာ့လက်ဝှေ့သမား Dave Leduc ကို ကပ်ရောဂါတွေ တည်ငြိမ်သွားတဲ့အခါ One Championship ပွဲစဉ်တွေမှာ ပါဝင်ဖို့ ကမ်းလှမ်းသွားဖို့ စဉ်းစားနေတယ်လို့လည်း ပြောခဲ့ပါတယ်။ Dave Leduc ကတော့ ကနေဒါနိုင်ငံသားဖြစ်ပြီး မြန်မာ့လက်ဝှေ့လောကမှာ မြန်မာလူမျိုးမဟုတ်တဲ့ ပထမဆုံးလက်ဝှေ့ချန်ပီယံတစ်ဦးပဲဖြစ်ပါတယ်။

https://www.instagram.com/p/B8Un5jrJclT/

Pyi Hein Kyaw

SHARE