အကယ်ဒမီဆုစာရင်း ပေါက်ကြားတယ်ဆိုတာ မမှန်ကန်ကြောင်း ဖြေရှင်းချက် ထုတ်ပြန်

Fb/Myanmar Motion Picture Organization /Now & Ever /only mom

ပရိသတ်တွေ မျှော်လင့်နေကြတဲ့ အကယ်ဒမီဆု ပေးပွဲကြီးကို  မတ် လထဲမှာ ကျင်း ပဖို့ အစ ပိုင်းတုန်းက စီစဉ်ထားခဲ့တာပါ။ဒါပေမယ့် လည်း အခုဆိုရင် တော့ ကျင်းပမယ့် ရက်ကို ရွှေ့ ဆိုင်း လိုက်ပါတယ်။ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ မှ ကူးစက် မြန် ရောဂါ နဲ့ ပတ်သက်ပြီး ပြည်သူ့ ကျန်းမာရေး အ ရေးပေါ် သတ်မှတ် ခဲ့တဲ့ အတွက် လူစု လူ ဝေး ပွဲတစ်ချို့ကို ဖျက် သိမ်းခဲ့ပါတယ်။WHO ရဲ့ ကြေညာချက်နဲ့ ပြည်သူတွေရဲ့ကျန်းမာရေးကို အလေး ထားတဲ့ အနေနဲ့  အကယ်ဒမီ ဆု ပေးပွဲ ကျင်းပမယ့် ရက်ကို ရွှေ့ဆိုင်းလိုက်တာပါ။

Image: Fb/Now and Ever – ထာဝရနှောင်ကြိုး
Image: Fb/သူစိမ်းအိမ် – Stranger’s House

(၂၉.၃.၂၀၂၀) မှာ ကျင်းပဖို့ စီစဉ်ထားပေမယ့်လည်း ကျင်းပမယ့် ရက်ကို  ရွှေ့ ဆိုင်းလိုက်တဲ့ အကြောင်း Myan mar Motion Picture Organization ဆိုတဲ့ Facebook စာမျက်နှာပေါ်မှာ တရားဝင် ကြေညာ ထားပါတယ်။ ဆုပေး ပွဲကျင်းပမယ့် ရက် ရွှေ့ ဆိုင်းလိုက်တဲ့ နောက်ဆက်တွဲ အ နေနနဲ့ ဆုရမယ့် သူစာရင်း ပေါက်ကြား တယ်ဆိုတဲ့ နောက် ဆက်တွဲ ကောလာဟလ သတင်း တွေလည်း လူမှုကွန်ရက်စာမျက်နှာ ပေါ်မှာ ပျံ့ နေခဲ့ပါတယ်။အဲ့ဒီ လို ဆု စာရင်း ပေါက်ကြားတယ်ဆိုတာနဲ့ ပတ်သက်ပြီး Myanmar Motion Picture Organization Fb စာမျက်နှာ ပေါ်မှာ တရားဝင်  ဖြေရှင်းချက် တစ်ရပ်ကို အခုလို ထုတ်ပြန်ခဲ့ပါတယ်။

READ
အင်စတာဂရမ်မှာ စံချိန်ကျော်တက်သွားတဲ့ "ကြက်ဥ" ကို မကျေပွဲနွှဲပြခဲ့တဲ့ Kylie
Image: Fb/Myanmar Motion Picture Organization

“အသိပေးကြေညာခြင်း
အကယ်ဒမီ ထူးချွန်ဆုနှင့်ပတ်သက်၍ ယခုနှစ်ရုံတင်ပြသသော ရုပ်ရှင်ဇာတ်ကား(၉၇)ကားအနက်မှ ဒုတိယဆင့် (၂၉)ကားကို ပဏာမရွေးချယ်ခဲ့ပါသည်။
အဆိုပါဇာတ်ကားများကို ဒုတိယဆင့် တတိယဆင့်
စတုတ္ထဆင့် ကြည့်ရှုခြင်းများအား (၂၉.၂.၂၀၂၀) နေ့ထိ ကြည့်ရှုအကဲဖြတ်ခဲ့ကြပါသည်၊
အကဲဖြတ်အဖွဲ့ဝင်များအနေဖြင့် သတ်မှတ်ထားသော စံချိန်စံညွှန်းများနှင့်အညီ စည်းစံနစ်ကျနစွာ ကြည့်ရှုအကဲဖြတ်ခဲ့ကြပါသည်၊
အကဲဖြတ်အဖွဲ့ဝင်တစ်ဦးချင်းက မိမိတို့၏ အကဲဖြတ် သုံးသပ်ချက်များကို ချိတ်ပိတ်၍ (၁၀.၃.၂၀၂၀)နေ့တွင်ပေးအပ်ကြရန် ညွှန်ကြားခဲ့ပါသည်၊
ယနေ့ထိ ထူးချွန်ဆုရရှိသူများကို အတည်ပြု ဆုံးဖြတ်ရခြင်းမရှိသေးသော်လည်း ပြင်ပတွင် အကယ်ဒမီ စာရင်းပေါက်ကြားသယောင် ကောလဟလများပျံ့နှံ့နေသည့်အတွက် ယနေ့ထိ မည်သူ့ကိုမျှ အကယ်ဒမီ ရွေးချယ်ထားခြင်းမရှိသေးပါ
ကြောင်း သတင်းမှန်ကို ရှင်းလင်းအသိပေးအပ်ပါသည်။

မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး…” ဆုိၿပီး ကြေညာခဲ့ပါတယ်။

Image: Fb/Myanmar Motion Picture Organization
Image: Fb/Myanmar Motion Picture Organization

(၉၇)ကားထဲကမှ (၂၉) ကားစာရင်းကိုတော့ ဖေဖော်ဝါရီ (၂၄) ရက်နေ့က တရားဝင် ထုတ်ပြန် ကြေညာခဲ့ပါတယ်။  ထာဝရ နှောင်ကြိုး၊သူစိမ်းအိမ်၊လိပ်ပြာစံအိမ် ..ဇာတ်ကားတို့ ကတော့  အကယ်ဒမီဆု ရမယ်ဆိုပြီး ထင် ကြေး ပေး ခံ နေရတဲ့ တစ်ပြေး ဇာတ်ကားတွေပါ။ပရိသတ်တွေ ကတော့  ထာဝရ နှောင်ကြိုးနဲ့ ခရစ်စတီးနားခီ အတွက် ဒါရိုက် တာ ဆု၊ဇာတ်ကားဆု တို့ကို ထင်ကြေး ပေးခန့်မှန်းထားပါတယ်။အမျိုးသမီး ဇာတ်ဆောင် ဆု အတ်ွက လိပ်ပြာစံအိမ် နဲ့ ၀တ်မှုံရွှေရည်၊ထာဝရ နှောင်ကြိုးနဲ့ ပိုင်ဖြိုးသု၊ဟစ်တိုင် နဲ့ အူဝဲ ဆိုပြီး ခန့် မှန်းေ နကြပါတယ်။

READ
ငွေစက္ကူ(၇)ရွက် ရိုက်ကွင်းပုံရိပ်လေးတွေကို ဝေမျှ လိုက်တဲ့ မြနှင်းရည်လွင်
Image: Fb/လိပ်ပြာစံအိမ် – The Only Mom

Source :Fb/Myanmar Motion Picture Organization

 

SHARE