ဇူလိုင်လ(၃) ရက်နေ့မှာ ကျရောက်တဲ့ မြန်မာအမျိုးသမီးများနေ့

khine hnin wai facebook

ဇူလိုင်လ(၃) ရက်နေ့ဟာ မြန်မာအမျိုးသမီးများနေ့ပဲ ဖြစ်ပါတယ်။ ၄င်းနေ့ဟာ (၁၉၉၆) ခုနှစ်တုန်းက Myanmar National Committee for Women’s Affairs  (MNCWF) မြန်မာ့အမျိုးသမီးရေးရာအဖွဲ့အစည်း စတင်ဖွဲ့စည်းခဲ့တဲ့ နေ့ရက်လည်း ဖြစ်ပါတယ်။ သမိုင်းကြောင်းအရ မြန်မာအမျိုးသမီးတွေမှာ တစ်မူထူးတဲ့ လူမှုရေးရာ အဆင့်အတန်းတွေ ရှိကြပါတယ်။ မြန်မာအမျိုးသမီးတွေဟာ  လွတ်လပ်မှု၊ တရားမျှတမှုနဲ့ စီးပွားရေးအခွင့်အလမ်းတွေကို အမျိုးသားတွေနဲ့ ထပ်တူနည်းပါး ခံစားခွင့်ရရှိခဲ့သူတွေလည်း ဖြစ်ပါတယ်။

AcronymsAndSlang_com

ဒါပေမယ့် ၀မ်းနည်းစရာကောင်းတာက နိုင်ငံတွင်း စီးပွားရေးအခြေအနေတွေ ယိုယွင်းလာတဲ့အခါ ၄င်းရဲ့ ရိုက်နှက်ချက်က အမျိုးသမီးတွေရဲ့ ပညာရေးနဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေကို ဆုံးရှုံးစေခဲ့ပါတယ်။ (၁၉၉၆) ခုနှစ်မှာ ဖွဲ့စည်းခဲ့တဲ့ မြန်မာအမျိုးသမီးရေးရာကတော့ မြန်မာအမျိုးသမီးထုကြီးကို စနစ်တကျဖွံ့ဖြိုးတိုးတက်မှုတွေ ရရှိလာအောင် စွမ်းဆောင်ပေးဖို့ ရည်ရွယ်ပါတယ်။ မြန်မာအမျိုးသမီးရေးရာအဖွဲ့အစည်းဟာ အမျိုးသမီးတွေရဲ့ ပညာရေးကဏ္ဍကို အလေးထားတဲ့အပြင် အမျိုးသမီးတွေကို အကြမ်းဖက်မှုနဲ့ မတရားဖိနှိပ်စော်ကားခံရတဲ့ဘေးတွေကနေ ကာကွယ်ပေးဖို့ ဖြစ်ပါတယ်။

READ
အသားအရေခြောက်သူတွေအတွက် နေ့စဉ်လုပ်ပေးသင့်တဲ့ အသားအရေထိန်းသိမ်းနည်းများ
Shutterstock/ Ollyy

(၁၉၉၈) ခုနှစ်မှာတော့ မြန်မာအမျိုးသမီးရေးရာကော်မတီကပဲ အဖွဲ့အစည်းစတင်ထူထောင်ခဲ့တဲ့နေ့ကို မြန်မာအမျိုးသမီးများနေ့အဖြစ် သတ်မှတ်ခဲ့တာပါ။ ကမ္ဘာ့အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ကတော့ မတ်လ(၈) ရက်နေ့ ဖြစ်ပါတယ်။

လင်းလင်း (ShweMom)

SHARE