မြန်မာနိုင်ငံသားမှန်လျှင် မမေ့ထိုက်သော အမျိုးသားနေ့အကြောင်း 

နှစ်စဉ်နှစ်တိုင်း မြန်မာပြက္ခဒိန်ရဲ့ တန်ဆောင်မုန်း လပြည့်ကျော် ၁၀ ရက်နေ့ကို အမျိုးသားနေ့အဖြစ် မြန်မာနိုင်ငံမှာ သတ်မှတ်ကျင်းပကြပါတယ်။ ယခု ၂၀၁၈ ခုနှစ်မှာတော့ အမျိုးသားနေ့ကတော့ နိုင်ငံတကာပြက္ခဒိန်အရ ဒီဇင်ဘာလ ၂ ရက်နေ့မှာ ကျရောက်ပါတယ်။ နိုင်ငံရဲ့ နေ့ထူးနေ့မြတ်များထဲအနက် တစ်ရက်ဖြစ်တဲ့ အမျိုးသားနေ့ဟာ ဘယ်လိုပေါ်ပေါက်လာခဲ့သလဲဆိုတာကို ယနေ့ခေတ်လူငယ်များ မှတ်သားနိုင်ဖို့ ဖော်ပြပေးလိုက်ရပါတယ်။

Google Image

၁၉၂၀ ခုနှစ် ဒီဇင်ဘာလ ၅ ရက်နေ့ (တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်) မှာ ရန်ကုန်ကောလိပ်နဲ့ ယုဒသန်ကောလိပ်ကျောင်းသားတွေက ရန်ကုန်တက္ကသိုလ်အက်ဥပဒေကို သပိတ်မှောက်ခဲ့ကြပါတယ်။ ဒါဟာ နယ်ချဲ့အင်္ဂလိပ်တို့ကို ပထမဆုံးအကြိမ် တော်လှန်ဆန္ဒပြခဲ့ခြင်းလည်း ဖြစ်ပါတယ်။ ထိုခေတ်က ရန်ကုန်တက္ကသိုလ်ဆိုတာ မပေါ်သေးဘဲ အထက်ပါ ကောလိပ် ၂ ခုသာရှိသေးပြီး ကျောင်းသားတွေက ကာလ်ကတ္တားတက္ကသိုလ်က သင်ရိုးအတိုင်း သင်ခဲ့ကြရပါတယ်။

READ
စစ်အတွင်းမှာ ထီးတစ်ချောင်းနဲ့ ဂျာမန်စစ်သားတွေကို ခုခံခဲ့တဲ့ ဗြိတိသျှလေတပ်ဗိုလ်မှုး
Google Image

၁၉၂၀ ခုနှစ် ဒီဇင်ဘာလမှာ ရန်ကုန်တက္ကသိုလ် အက်ဥပဒေကို အင်္ဂလိပ်ကိုလိုနီ အစိုးရက ပြဌာန်းခဲ့ပါတယ်။ ဒါဟာ တက္ကသိုလ်ပညာရေးကို ဆုတ်ယုတ်စေခဲ့တဲ့ ဥပေဒေဖြစ်ပြီး မြန်မာလူမျိုးတွေမှာ ပညာတတ်နည်းပါးအောင် ပြဌာန်းခဲ့တဲ့ ဥပဒေဖြစ်နေခဲ့ပါတယ်။ ဥပဒေကို ပြင်ဆင်ပေးရန် တောင်းဆိုခဲ့ကြပေမယ့် အင်္ဂလိပ်တို့က လက်မခံခဲ့တဲ့အတွက် ၁၉၂၀ ခုနှစ် ဒီဇင်ဘာလ ၅ ရက်နေ့မှာတော့ တက္ကသိုလ်ကျောင်းသားသပိတ်ကြီး ပေါ်ပေါက်လာခဲ့ပါတော့တယ်။

Google Image

ကိုလိုနီခေတ်ရဲ့ ပထမဆုံး တော်လှန်ရေးဖြစ်လာခဲ့ပြီး လွတ်လပ်ရေးကြိုးပမ်းဖို့အတွက် နိုင်ငံသားတွေကို လမ်းဖွင့်ပေးခဲ့တဲ့ သပိတ်လည်း ဖြစ်ပါတယ်။ ကိုလိုနီပညာရေးကို ဆန့်ကျင်ခဲ့ကြပြီး အမျိုးသားပညာရေးကို တည်ဆောက်ဖို့ ကြိုးစားလာကြပါတယ်။ သခင်ကိုယ်တော်မှိုင်းနဲ့ ဒီးဒုတ် ဦးဘချိုတို့အပါအဝင် မျိုးချစ်သူရဲကောင်းတွေဟာ အမျိုးသားတက္ကသိုလ် ပေါ်ပေါက်လာဖို့ ကြိုးပမ်းခဲ့ကြပါတယ်။ အမျိုးသားပညာရေး လှုပ်ရှားမှုမှာ ပါဝင်ခဲ့ကြသူတွေလည်း အင်္ဂလိပ်တို့ရဲ့ ဖိနှိပ်မှုတွေကို ခံခဲ့ကြရပါတယ်။

Google Image

အမျိုးသားပညာရေးကို တည်ဆောက်နိုင်ခဲ့တဲ့အတွက် မြန်မာ့စာပေ၊ မြန်မာ့ယဉ်ကျေးမှုတို့ကို ဆက်လက်ထိန်းသိမ်းနိုင်ခဲ့တာဖြစ်ပြီး နိုင်ငံလွတ်လပ်ရေး ရအောင် ကြိုးပမ်းလိုတဲ့ မျိုးချစ်စိတ်တွေလည်း ပြင်းထန်လာခဲ့ကြပါတယ်။ ဒါကြောင့် အမျိုးသားနေ့ဟာ မြန်မာ့လွတ်လပ်ရေးရအောင် တွန်းပို့ပေးခဲ့တဲ့ အရေးပါတဲ့ နေ့တစ်နေ့ဖြစ်လာခဲ့ပါတယ်။ အမျိုးသားနေ့အကြောင်း မှတ်သားကာ အမျိုးသားစိတ်ဓာတ်တွေ ရှင်သန်နေစေဖို့ ဆန္ဒပြုလျက်..။

READ
၉/ ၁၁ အကြမ်းဖက်မှုအတွင်း အကြပ်ရိုက်နေကြတဲ့ ကန်သမ္မတအဖွဲ့ရဲ့ ရှားပါးဓာတ်ပုံများ

Ref: Yangon Life, Public Holidays Global

SHARE