ဇန်နဝါရီလကုန်မှာ စတင်ပြသတော့မယ့် “မြန်မာပေါကားတွေ ရပ်” ရုပ်ရှင်ကားကြီး

mingalar cinemas/ ayawaddy lumin

လွန်ခဲ့တဲ့ နှစ်နှစ်ကျော်လောက်က မြန်မာရုပ်ရှင်ကားတွေကို ရှုံချတဲ့ “ပေါကားတွေ ရပ်”ဆိုတဲ့ စကားက လူမှုကွန်ရက်ပေါ်မှာ တော်တော်လေးလူပြောများခဲ့ပါတယ်။ အဲဒီအချိန်လောက်မှာပဲ “မြန်မာ ပေါကားတွေ ရပ်” ဆိုတဲ့ ရုပ်ရှင်ကားကို စတင်ရိုက်ကူးနေပြီဖြစ်ကြောင်း ဖေစ်ဘုတ်ပေါ်မှာ သတင်းတွေတက်လာခဲ့တာကို ပရိသတ်တွေ မှတ်မိကြမှာပါ။ အဲဒီရုပ်ရှင်ကားကိုတော့ ဇန်နဝါရီလ ၃၁ ရက်နေ့ ကနေစတင်ပြီး မင်္ဂလာ ရုပ်ရှင်ရုံတွေမှာ ပြသတော့မှာဖြစ်ပါတယ်။

facebook
facebook

“မြန်မာ ပေါကားတွေ ရပ်” ရုပ်ရှင်ကားကတော့ မြန်မာပေါကားတွေရပ်ဖို့ ပရိသတ်တွေ ဖိအားပေးတောင်းဆိုနေတဲ့အချိန် အနုပညာလောကထဲမှာလည်း နှစ်ခြမ်းကွဲပြီး စကားများရန်ဖြစ်ရတဲ့အကြောင်းတွေ၊ ပရိုဂျူဆာတွေနဲ့ ဒါရိုက်တာတွေရဲ့ အခက်အခဲတွေကို  ဟာသနှောပြီး ရိုက်ကူးထားတာဖြစ်ပါတယ်။ ဒီရုပ်ရှင်မှာ အဓိက ပါဝင်မယ့် သရုပ်ဆောင်တွေကတော့  ကျော်သူ၊လူမင်း၊ ပြေတီဦး၊ နေမျိုးအောင်၊ခိုင်သင်းကြည်၊အိန္ဒြာကျော်ဇင်၊ အရိုင်း၊ ကျော်ထူး၊ ခင်လှိုင် တို့ ဖြစ်ပါတယ်။

READ
မွေးနေ့မှာ မွန်မြတ်တဲ့အလုပ်တွေလုပ်ခဲ့တဲ့ Seungri (BIGBANG)
mingalar cinemas

ရုပ်ရှင်ကားရဲ့ ထူးခြားချက်ကတော့ ဇာတ်ပို့ဇာတ်ရံ သရုပ်ဆောင်တွေကို ဇာတ်ဆောင်နေရာတင်ပြီး တကယ့်သရုပ်ဆောင်တွေကိုတော့ ဇာတ်ရံနေရာကနေ ပါဝင်စေခဲ့တာဖြစ်ပါတယ်။ ပရိသတ်တွေရော “မြန်မာ ပေါကားတွေ ရပ်” ဇာတ်ကားကို အားပေးကြမှာလား။

SOurce: Mingalar cinemas

SHARE