ပရိသတ်ကြားမှာ ရေပန်းအစားဆုံး မြန်မာ TV Show (၅)ခု

Image:Fb/Myanmar Idol & The Model Academy

မြန်မာနိုင်ငံမှာရှိတဲ့ ရုပ်သံတွေ ကလည်း အခုဆိုရင်တော့ သူ့ထက်ငါ အပြိုင် အဆိုင်နဲ့ အကောင်းဆုံး TV Sho w တွေ ၊အစီအစဉ်တွေကို ရိုက်ကူးပြီး ထုတ်လွှင့် ပြသလျက်ရှိပါတယ်။အရင်တုန်းကဆိုရင် ရုပ်သံတွေ မှာ ကိုရီးယား ဇာတ်လမ်းတွဲ တွေကပဲ နေရာယူစိုးမိုးထားရကနေ အခုဆိုရင်တာ့ မြန်မာဇာတ်လမ်းတွဲတွေ၊TV Show တွေ၊ Progr am ကောင်းတွေကိုပါ ထုတ်လွှင့်ပြသလာကြပါတယ်။ အဲ့ဒီအထဲကမှ ပရိသတ်ကြားမှာ ရေပန်းအစားဆုံး တွေ ကတော့….

1.The Model Academy

Image:fb/The Model Academy

The Model Academy ကတော့ အခုဆိုရင် Season 3 ကို ထုတ်လွှင့်ပြသနေပါတယ်။Seson 1 နဲ့ 2 ကြားမှာ တော့ အရမ်းကြီး အချိန်တွေ မကြာလိုက်ပေမယ့် Season 3 လာဖို့ ကတော့ တော်တော်လေးကို စောင့်လိုက် ရပါတယ်။America’s Next Top Model ၊ Asia’s Next Top Model တို့လို TV Show မျိုးပါ။မြန်မာနိုင်ငံ မှာ ဆိုရင်တော့  မော်ဒယ်တွေကို မွေးထုတ်ပေးတဲ့ ဒီလို Show မျိုးက ဒါပထမဆုံး လို့ ပြောလို့ရပါတယ်။တကယ့်  Reality Show တစ်ခုလို ဖြစ်တာကြောင့် Show နဲ့ ပတ်သက်ပြီး ပြစ်တင်ဝေဖန်သံတွေ လည်း ဆူညံ ခဲ့တာ မျိုး တွေရှိသလို အားပေးတဲ့ ပရိသတ်တွေ လည်း အများကြီး ရှိခဲ့ပါတယ်။အငြင်းပွားစရာ အခြေအနေ တွေ ကပဲ အဲ့ဒီ Show ကို ပိုအောင်မြင်အောင် တွန်းအားပေးလိုက်သလို ဖြစ်ခဲ့ပါတယ်။ကိုဇင်အောင်၊သန္တာလှိုင်၊မိုးကုတ်ပေါက်ပေါက်၊ဦးပီတာ တို့က ဒိုင်တွေ အဖြစ် ရွေးချယ်ကြတာပါ။အပတ်တိုင်းမှာလည်း ဧည့်သည်ဒိုင် တစ်ယောက်က ပါဝင်ပြီး  ရွေးချယ် စီစစ်ပေးပါတယ်။အပတ်စဉ် စနေ နဲ့ တနင်္ဂနွေ နေ့ တိုင်း ည(၈)နာရီမှာ ပုံမှန် ထုတ်လွှင့်ပြသ ပေးနေပါတယ်။

The Model Academy (19.10.2019)

❝ The Model Academy ထိခိုက်သွားစေနိုင်လောက်ထိ စည်းကမ်းချိုးဖောက်ထားတာ နှစ်ယောက်ရှိပါတယ် ❞ယခု The Model Academy official page မှ အသစ်အသစ်သော တင်ဆက်မှုတွေကို ဆက်လက်တင်ဆက်ပေးသွားမှာမို့ ပရိသတ်ကြီးက Like and See First လုပ်ထားဖို့ မမေ့နဲ့နော်The Model Academy Season 3ကြည့်ရှုရန် >> https://bit.ly/2kqItFs#Channel7 #TheModelAcademy_Season3 #Maybelline_NewYork

Posted by The Model Academy on Friday, October 18, 2019

 

READ
အားလပ်ရက်မှာ အပန်းဖြေနေတဲ့ ပုံရိပ်တွေ မျှဝေလိုက်တဲ့ ယွန်းမီမီကျော်

2.Myanmar Idol

Image:Fb/Myanmar Idol

Myanmar Idol က တော့ နာမည်ကြီး သီချင်းဆိုပြိုင်ပွဲပါ။မြန်မာနိုင်ငံမှာရှိတဲ့ သီချင်းဆို ပြိုင်ပွဲ တွေ အများကြီးထဲကမှ ပရိသတ်စိတ်ဝင်စားမှု အများဆုံး အဆိုပြိုင်ပွဲ လို့ ပြောလို့ရပါတယ်။Season တစ်ခုပြီးတာနဲ့ နောက် Season တန်းပြီး လာတာမဟုတ်ပဲ တစ်ခုနဲ့ တစ်ခု ကြား အချိန်အကြာကြီး ယူပြီး မှ ထုတ်လွှင့်ပြသခဲ့တာပါ။Season 1 ကတော့ (၂၀၁၆)၊ Season 2 ကတော့ (2017) နဲ့ Season (3) က (2018) နဲ့ Season (4) ကတော့ (2019) မှာ ပြသနေပါတယ်။အရင် Season တွေကိုတော့ MNTV မှာ ပြသခဲ့ပေမယ့် 4 ကိုတော့ Channel 9 နဲ့ Pay Per View HD 2 တို့မှာ ထုတ်လွှင့်ပြသခဲ့ပါတယ်။အစပိုင်းမှာတော့ ဒိုင်တွေရဲ့ ရွေးချယ်မှု နဲ့ သွားပေမယ့် နောက်ပိုင်း မှာတော့ Voting စနစ်နဲ့ သွားမှာပါ။Voting စနစ် ကြောင့် ပြိုင်ပွဲဝင်တွေကြားမှာ ပြိုင်ဆိုင်မှု ပြင်းထန်လာ စေသလလို ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုကိုပါ ပိုမြင့်တက်စေခဲ့တာကို  တွေ့ရပါတယ်။ပြိုင်ပွဲ တစ်ခု ပြီးတိုင်း လူမှု ကွန် ရက်စာမျက်နှာပေါ်မှာ အငြင်းပွားမှုတွေ ဖြစ်ကျန်ခဲ့တာတွေ ရှိပြီး ဒါတွေကလည်း ပြိုင်ပွဲ အပေါ် ပရိသတ် တွေရဲ့ စိတ်ဝင်စား မှု နှုန်းကို ပြသနေတာပါ။

Golden Week Theater Round-2 အဖွဲ့လိုက်သီဆိုယှဉ်ပြိုင်မှုများ (Ep-6)

Golden Week Theater Round-2 အဖွဲ့လိုက်သီဆိုယှဉ်ပြိုင်မှုများ (Ep-6)#myanmaridol #mmid #mmid_s4 #channel9http://bit.ly/MyanmarIdol_YT

Posted by Myanmar Idol on Friday, October 18, 2019

3.MasterChef Myanmar

Image:fb/MasterChef Myanmar

ဟင်းချက်ပြိုင်ပွဲတွေ ထဲမှာဆိုရင်တော့ အအောင်မြင်ဆုံး ဟင်းချက်ပြိုင်ပွဲပါ။ပြိုင်ပွဲဝင်တွေ အနေနဲ့ အပတ်တိုင်း မတူညီတဲ့ Challenge အမျိုးမျိုးမှာ ၀င်ရောက်ယှဉ်ပြိုင်ကြရပါတယ်။တစ်ပတ် တစ်ယောက် နှုန်းနဲ့ ထုတ်ပယ်ပြီး နောက်ဆုံး winner ကို ရွေးချယ်တဲ့ ပြိုင်ပွဲပါ။အခုပြသ နေတာက တော့ Season-2  ပါ။တနင်္ဂနွေ နေ့ ည (၇) နာရီ မှာ ထုတ်လွှင့်ပြသလျက်ရှိပါတယ်။

MasterChef Myanmar Season-2 (Episode-14) Promo

လာမယ့် Challenge တွေက ဘယ်လိုဖိအားတွေနဲ့ ယှဉ်ပြိုင်ရမလဲဆိုတာ အခုလာမယ့် တနင်္ဂနွေနေ့ည (၇) နာရီအချိန် MasterChef Myanmar အစီအစဉ်ကို စောင့်မျှော်ကြည့်ရှုအားပေးလိုက်ရအောင်နော်…🤔🤔👨‍🍳👩‍🍳 MasterChef Myanmar Season-2 (Episode-14) 👨‍🍳👩‍🍳1⃣3⃣ 13.10.2019🕖🕖 တနင်္ဂနွေနေ့ ၊ ည-ရး၀၀

Posted by MasterChef Myanmar on Thursday, 10 October 2019

4.Myanmar’s Got Talent

Myanmar’s Got Talent ကလည်း Season တစ်ခုနဲ့ တခု ကြားမှာ အချိန်ခြားပါတယ်။အချိန်တစ်ခု ခြားပြီး မှ ထုတ်လွှင့်ပြသတာပါ။Myanmar’s Got Talent 2019 ပွဲမှာတော့ သားလေး ဘုန်းမြတ်မင်းက Winner ဆုကို ထိုက်ထိုက်တန်တန်ရခဲ့တာပါ။အစပိုင်းမှာတော့ ဒိုင်တွေက  ရွေးချယ်လာခဲ့ပေမယ့် နောက်ပိုင်းမှာ ပရိသတ် ရွေးချယ် မှု Voting စနစ် နဲ့ ရွေးချယ်တာပါ။

READ
အင်စတာဂရမ်ပေါ်မှာ ရေကူးဝတ်စုံနဲ့ရိုက်ထားသောပုံများမျှဝေခဲ့တဲ့ ရွှေမှုန်ရတီ

5.Win’s Shooow Time!

Image:fb/Win’s Shooow Time!

Win’s Shooow Time! ကတော့ အားလုံးက အ၀င်းဆိုပြီး ချစ်စနိုးခေါ်ကြတဲ့ မြန်မာပြည်အ၀င်းအဓိက ပါဝင်ထားတဲ့ Show ပါ။အ၀င်း အပြင် တခြား PRIZMAX  အဖွဲ့ဝင် တွေနဲ့ မြန်မာရဲ့ နာမည်ကြီး အနုပညာရှင်တို့ အချင်းချင်း တွေ့ဆုံပြီး အနုပညာလှုပ်ရှားမှု အ ကြောင်းတွေလည်း ပြောရင်း၊ဂိမ်းတွေ လည်း ကစားရင်း နဲ့ ပရိသတ်တွေကို ဖျော်ဖြေပေးတဲ့ အစီအစဉ် လေးပါ။

#SHWEMOM

SHARE