ပရိသတ်တွေကို သူမရဲ့ ချစ်သူလေးကို အလင်းပြလိုက်တဲ့ မြတ်သူသူဇင်

MRTV-4 ရဲ့ ဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင်လျက်ရှိတဲ့ မင်းသမီးလေး မြတ်သူသူဇင်ကတော့ သူမရဲ့ သရုပ်ဆောင်စွမ်းရည်ကြောင့် ပရိသတ်တွေရဲ့ အသိအမှတ်ပြုမှုကို ရရှိထားတဲ့ မင်းသမီးတစ်ဦးဖြစ်ပါတယ်။ သူမကတော့ ရတနာထဲက ရတနာ၊ ဝိဥာဉ်ရှိုက်သံ၊ ရနံ့ပျယ်နှင်းဆီ၊ Flowes And Butterflies နဲ့ အခြားသော နာမည်ကျော်ဇာတ်လမ်းတွဲတွေမှာ ပါဝင် သရုပ်ဆောင်ထားပြီး ပရိသတ်တွေရဲ့ အားပေးမှုတွေကို ရရှိနေသူလေးလည်း ဖြစ်ပါတယ်။

သူမကတော့ လတ်တလောမှာ သူမရဲ့ အချစ်ရေးနဲ့ ပတ်သတ်ပြီး ပရိသတ်တွေကို ပွင့်ပွင့်လင်းလင်း ဖွင့်ဟလိုက်ပါပြီ။ မြတ်သူသူဇင်ကတော့ သူမရဲ့ ချစ်သူကောင်လေးနဲ့အတူ ရိုက်ထားတဲ့ ဓါတ်ပုံလေးတွေကိုလည်း ဖေ့စ်ဘုတ်ပေါ်မှာ တင်ထားပြီး ပရိသတ်တွေကို အလင်းပြထားတာဖြစ်ပါတယ်။ လိုက်ဖက်တဲစုံတွဲလေး ဖြစ်လို့ ပရိသတ်တွေကလည်း မြတ်သူသူဇင်တို့ စုံတွဲလေးကို သဘောကျနေကြပါတယ်။

READ
"မိန်းခေးလေးမို့ရေလာမြောင်းပေးယုံမှအပါ့ " လို့ဆိုလာတဲ့ ခေးကြီးလု

မြတ်သူသူဇင်တို့ ချစ်သူနှစ်ဦးရဲ့ ကြည်နူးစရာကောင်းတဲ့ ပုံရိပ်လေးတွေကို ပရိသတ်တွေအတွက် တင်ဆက်ပေးလိုက်ပါတယ်။

Source: Myat ThuThu ZIn

SHARE