ရုပ်ရှင်တစ်သက်တာ အကယ်ဒမီဆုကို ရရှိသွားခဲ့တဲ့ မင်းသမီးကြီး မြင့်မြင့်ခင်

ဒီကနေ့မှတော့ The One Entertainment မှာ ကျင်းပနေတဲ့ အကယ်ဒမီဆုပေးပွဲကြီး ရုပ်ရှင်အစည်းအရုံးကနေကြီးမှူးပြီး ကျင်းပနေတာဖြစ်ပြီး ရုပ်ရှင်ချစ်ပရိသတ်တွေများစွာက စောင့်မျှော်ကြည့်မရနေတာဖြစ်ပါတယ်။ ဒီကနေ့ရဲ့ ပထမဆုံး ဆုဖြစ်တဲ့ ရုပ်ရှင်တစ်သက်တာဆုကိုတော့ ဖွင့်ဖောက်ကြေငြာလိုက်ပြီဖြစ်ပါတယ်။

ရုပ်ရှင်တစ်သက်တာဆုကိုတော့ ဝါရင့်သရုပ်ဆောင် အကယ်ဒမီ မင်းသမီးကြီး မြင့်မြင့်ခင်က ရရှိသွားခဲ့တာဖြစ်ပါတယ်။ မင်းသမီးကြီး မြင့်မြင့်ခင်ကတော့ အနုပညာအလုပ်ကို သူမရဲ့ အလုံးစုံကို ရင်းနှီးပြီး ချစ်ခဲ့တာကြောင့် ကြိုးစားအောင်မြင်ခဲ့တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။ မင်းသမီးကြီး မြင့်မြင့်ခင်ကတော့ ရုပ်ရှင်၊ဂီတလောကမှာ ပရိသတ်တွေရဲ့ ချစ်ခင်မှုတွေကို ရရှိခဲ့တဲ့ အကယ်ဒမီမင်းသမီးကြီးတစ်ယောက်ဖြစ်ပါတယ်။

ရုပ်ရှင်တစ်သက်တာ ဆုရရှိသွားတဲ့ အနုပညာရှင်ကိုတော့ ရုပ်ရှင် အစည်းအရုံးကနေ အကယ်ဒမီဆုအပြင် တစ်လကို ငွေငါးသိန်း ထောက်ပံ့သွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။ တကယ့်ကို ဂုဏ်ယူဝမ်းမြောက်စရာပါပဲနော် ပရိသတ်ကြီးရေ။

READ
အမိုက်စား ကောက်ကြောင်းအလှနဲ့ ပုံရိပ်တွေ တင်လိုက်တဲ့ ဆုလှိုင်ဝင်း

Source: facebook

SHARE