ချစ်သူအသစ် Cody Simpson နဲ့ လမ်းခွဲပြတ်စဲသွားပြန်ပြီဖြစ်တဲ့ Miley Cyrus

instagram by codysimpson

Miley Cyrus ဟာ Liam Hemsworth နဲ့ လက်ထပ်ပြီး ဘယ်လောက်မှမကြာတဲ့အချိန်မှာပဲ လမ်းခွဲပြတ်စဲခဲ့ပြီး Cody Simpson နဲ့ ပေါ်ပေါ်ထင်ထင်တွဲခဲ့ပါတယ်။ Cody Simpson ဆိုတာ ပေါ့ပ်အဆိုတော်တစ်ဦးပါ။ အဲဒီအချိန်တုန်းက Cody Simpson ဟာလည်း TV star တစ်ဦးဖြစ်တဲ့ Kaitlynn Carter နဲ့ ပြတ်ခါစပဲဖြစ်ပါတယ်။

Instagram- @codysimpson

နှစ်ယောက်သား relationship ကို မီဒီယာတွေမှာသာမကဘဲ social media မှာပါ ပေါ်ပေါ်တင်တင် တွဲခဲ့ကြတာဖြစ်ပါတယ်။ Cody Simpson ဆိုရင် The Kylie and Jackie O Show မှာ Miley နဲ့ relationship ကို အရမ်းကောင်းမွန်ပြီး အေးချမ်းတဲ့ relationship ကောင်းတစ်ခုဆိုပြီးတောင် ပြောပြခဲ့ပါသေးတယ်။

ဒါပေမဲ့လည်း ၂၀၁၉ ခုနှစ် အောက်တိုဘာလထဲမှာ စတင်ခဲ့တဲ့ Miley Cyrus နဲ့ Cody Simpson တို့ရဲ့ relationship ဟာ အခုအချိန်မှာတော့ ရပ်ဆဲသွားခဲ့ကြပါပြီတဲ့။ လူကြားသူကြားထဲ ပေါ်ပေါ်တင်တင် ချစ်ပြခဲ့ကြပေမယ့် တစ်နှစ်တောင်မပြည့်သေးတဲ့အချိန်မှာ ပြတ်စဲသွားခဲ့ကြပါပြီတဲ့။

READ
လူအာရုံစူးစိုက်စရာ ဖက်ရှင်တစ်မျိုးနဲ့ ပွဲတက်ခဲ့တဲ့ Kendall Jenner
Instagram- @codysimpson
Instagram- @codysimpson

တကယ်လည်း Cody Simpson ဟာ Miley ကို အရမ်းတန်ဖိုးထားပြီး သည်းသည်းလှုပ်ကို ချစ်ပေးခဲ့တယ်ဆိုပြီး ပတ်ဝန်းကျင်ကရော မီဒီယာတွေကပါ မှတ်ချက်ပေးခဲ့ကြတာပါ။ Miley ကိုယ်တိုင်လည်း Cody Simpson နဲ့ relationship မှာ ယုံကြည်မှုတွေအရမ်းတိုးခဲ့ပြီး Cody ကိုလည်း ဖောက်ပြန်မှာတွေဘာတွေအတွက် စိတ်ကိုမပူမိတဲ့အထိ စိတ်ချယုံကြည်ထားခဲ့တာပါ။

California နဲ့ Nashville မှာ တစ်ယောက်တစ်ကွဲစီနေနေခဲ့ကြပေမယ့် quarantine ကာလအတွင်း နှစ်ယောက်သား တစ်အိမ်ထဲ အတူတူနေနေခဲ့ပြီး ပျော်ပျော်ရွှင်ရွှင်နဲ့ ဟင်းတွေချက်လိုက် ကြည်နူးလိုက်အနားယူနေခဲ့ပေမယ့်လည်း အခုတော့ ပြတ်သွားပါပြီဆိုပြီး ပေါ်ပေါ်တင်တင်ကြေငြာခဲ့ပါတော့တယ်။

 

 

View this post on Instagram

 

Happy birthday baby. Thanks for being you

A post shared by CS (@codysimpson) on

Instagram- @codysimpson

penny

SHARE