အဆင်မပြေတာတွေရှိရင် နားလည်ပေးပါလို့ ပရိသတ်ကို တောင်းဆိုလိုက်တဲ့ မျိုးကိုကိုစန်း

facebook.myokokosan

ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို ရရှိထားတဲ့ ဆယ်လီတစ်ယောက်ဖြစ်တဲ့ မျိုးကိုကိုစန်းကတော့ လက်ရှိမှာ Dancing with the Stars ဆိုတဲ့ အစီအစဉ်မှာပါဝင်ပြီး အကယှဉ်ပြိုင်နေတာဖြစ်ပါတယ်။ မျိုးကိုကိုစန်းကတော့ ပြီးခဲ့အပတ်က ယှဉ်ပြိုင်မှုမှာ သူ့ရဲ့ dance partner နဲ့ ကတောက်ကဆလေးဖြစ်ခဲ့တာကြောင့် ကြည့်ရှုသူ ပရိသတ်တွေရဲ့ ဝေဖန်မှုကို ရရှိနေတာဖြစ်ပါတယ်။

facebook.myokokosan
facebook.myokokosan
facebook.myokokosan

ဒါကြောင့် မျိုးကိုကိုစန်းကတော့ သူရဲ့ အမှားကို ပြန်လည်သုံးသပ်ပြီး ဖေစ်ဘုတ်ပေါ်မှာ ” မနေ့က အဆင်မပြေတာလေးတွေရှိသွားရင် နားလည်ပေးကြပါနော် 😁နောက်ဆင်ခြင်မယ်နော်” လို့ ရေးသားခဲ့တာဖြစ်ပါတယ်။

Myo Ko Ko San & Hi (DWTS Episode-3) VTR

❝ကိုယ်ဖြစ်ချင်တဲ့ပုံစံကို ပြောပြတဲ့အခါမှာ နည်းနည်းကတောက်ကစတွေတော့ ဖြစ်တယ်❞ Myo Ko Ko San & Hi တို့ နှစ်ယောက်ရဲ့ (Episode-3) ကြိုတင်လေ့ကျင့်နေမှုပုံရိပ်တွေကို တင်ဆက်ပေးလိုက်ပါတယ် … 💃🕺Only On MRTV-4Dancing with the Stars Myanmar #DWTSEvery Sunday 9PM(Live)Every Saturday 9PM(Replay)

Posted by Dancing with the Stars Myanmar on Wednesday, 13 November 2019

နှစ်ယောက်ကြားမှာ အဆင်မပြေတာလေးတွေရှိခဲ့ပေမဲ့လည်း မျိုးကိုကိုစန်းကတော့ သူ့ရဲ့ တွဲဖက်နဲ့အတူ အကောင်းဆုံးကပြဖျော်ဖြေခဲ့ပါတယ်။ Dancing with the Stars အစီအစဉ်ကိုတော့ တနင်္ဂနွေနေ့တိုင်း ည ကိုးနာရီအချိန်မှာ MRTV-4 ရုပ်သံလှိုင်းကနေ စောင့်မျှော်ကြည့်ရှုနိုင်ပါတယ်။

READ
YBS ပညာပေးဇာတ်လမ်းတို ရိုက်ကူးခဲ့တဲ့ မြင့်မြတ်
facebook.myo koko san

Source: Myo Koko San

SHARE