မောင့်အသည်းတစ်ခုလုံးကို ပိုင်ဆိုင်ဖို့အတွက် ညို့ယူဖမ်းစားလိုက်တဲ့ မျိုးကိုကိုစန်း

မြန်မာနိုင်ငံက ပရိသတ်တွေကြားမှာ နာမည်ကြီး လူကြိုက်များတဲ့ လေဒီဘွိုင်းတစ်ယောက်ဖြစ်တဲ့ မျိုးကိုကိုစန်းကတော့ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို ရရှိထားတဲ့ သူတစ်ယောက်ဖြစ်ပါတယ်။ သူကတော့ ဖိုတိုမော်ဒယ်တစ်ယောက်၊သရုပ်ဆောင်တစ်ယောက်အဖြစ် အနုပညာလှုပ်ရှားမှုတွေကို ပြုလုပ်နေသူတစ်ယောက်လည်းဖြစ်ပါတယ်။

မျိုးကိုကိုစန်းကတော့ ဒီကနေ့မှာလည်း သူရဲ့ အလှဓါတ်ပုံတွေကို ပရိသတ်တွေကို မျှဝေပေးလိုက်ပြန်ပါပြီ။ ပန်းပွင့်တွေရဲ့ အလည်မှာ ညို့အားပြင်းတဲ့ မျက်ဝန်းလေးနဲ့ ငေးကြည့်နေတဲ့ မျိုးကိုကိုစန်းရဲ့ ဓါတ်ပုံကိုတော့ ပရိသတ်တွေက တော်တော်လေး သဘောကျနေကြပါတယ်။

မျိုးကိုကိုစန်းကတော့ “ဒီလောက်ဆို မောင့်အသည်းတစ်ခုလုံးကို ပိုင်ဆိုင်ဖို့ လုံလောက်ပြီ မဟုတ်လား ” လို့ရေးထားပြီး ဓါတ်ပုံတွေကို တင်ထားတာဖြစ်ပါတယ်။ မျိုးကိုကိုစန်းကို ချစ်ကြတဲ့ ပရိသတ်တွေ အတွက် ဓါတ်ပုံတွေကို ဖေါ်ပြပေးလိုက်ပါတယ်။

Source: Myo Koko San

SHARE