အိမ်ထောင်ရေးအဆင်မပြေမှုနဲ့ပတ်သက်ပြီး ရင်ဖွင့်ပြောဆိုလာတဲ့ မျိုးစန္ဒီကျော်

တစ်ချိန်က ပရိသတ်တွေရဲ့ ရင်ထဲမှာ အပြည့်အဝနေရာယူခဲ့တဲ့ နာမည်ကျော် သရုပ်ဆောင်၊ ကြော်ငြာမင်းသမီးတစ်ယောက်ဖြစ်တဲ့ မျိုးစန္ဒီကျော်ကတော့ လက်ရှိအချိန်မှာ အနုပညာအလုပ်တွေကို ဆက်လက်ဆောင်ရွက်နေဆဲဖြစ်ပြီး ချစ်စရာကောင်းတဲ့ သမီးလေးတစ်ယောက်ကိုလည်း ပိုင်ဆိုင်ထားတဲ့ မိခင်တစ်ယောက်ဖြစ်ပါတယ်။

ဒီကနေ့မှာတော့ မျိုးစန္ဒီကျော်က အချိန်အတော်ကြာ မျိုသိပ်ပြီး နေလာခဲ့ရတဲ့ အိမ်ထောင်ရေး အဆင်မပြေမှုတွေနဲ့ ပတ်သက်ပြီး ဖေ့စ်ဘုတ်ပေါ်မှာ ရင်ဖွင့်လာတာဖြစ်ပါတယ်။ မျိုးစန္ဒီကျော်ကတော့ အိမ်ထောင်ကျစအချိန်ကတည်းက အဆင်မပြေမှုတွေ ဆက်တိုက်ကြုံခဲ့ရတဲ့အကြောင်းကို ရေးသားပြောဆိုလာတာဖြစ်ပါတယ်။

မျိုးစန္ဒီကျော်ကတော့ သူမရဲ့ ခင်ပွန်းကို တရားဝင် စွန့်လွှတ်လိုက်ပြီဖြစ်ကြောင်းကို ကြေးမုံသတင်းမှာ ပြီးခဲ့တဲ့နှစ် ဧပြီလက ကြေမှုံသတင်းစာမှာ ကြောငြာခဲ့တာဖြစ်ပါတယ်။

ပရိသတ်တွေကတော့ မျိုးစန္ဒီကျော်ရဲ့ ရင်ဖွင့်စကားတွေကို ဖတ်ပြီးတော့ မျိုးစန္ဒီကျော်အတွက် အရမ်းကို ဂရုဏာသက်နေကြပါတယ်။

Source: Myo Sandy Kyaw

SHARE