အမှတ်မထင်နဲ့ ကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်တွေ၊ ဖြစ်ရပ်တွေကို အမှတ်တရဖြစ်အောင် သိမ်းဆည်းထားနိုင်တဲ့ အတတ်ပညာတစ်ခု ရှိပါတယ်။ ဒါကတော့ ဓာတ်ပုံပညာပါ။

နောက်ဆုံးပေါ် နည်းပညာတွေရဲ့ ဆန်းသစ်မှုကြောင့် ကျွန်တော်တို့ နေ့စဉ်အသုံးပြုနေတဲ့ ဖုန်းတွေမှာ ကင်မရာ တွေ ပါဝင်နေတာကြောင့် လူအများစုက ဓာတ်ပုံပညာဟာ လွယ်ကူတယ်လို့ ထင်မှတ်ကောင်း ထင်မှတ်နေမှာပါ။ တကယ်တမ်းကတော့ ဓာတ်ပုံပညာဟာ ထင်သလောက် မလွယ်ကူလှပါဘူး။

အရည်အသွေးပြည့်မှီတဲ့ ပုံကောင်းတစ်ပုံရဖို့ ဓာတ်ပုံဆရာတစ်ယောက်ဟာ နှစ်ပေါင်းများစွာ ဒုက္ခခံပြီး ပညာရပ် တွေ ဆည်းပူးသလို အတွေ့အကြုံ ပြည့်ဝနေဖို့လည်း လိုအပ်ပါတယ်။ ဒါတောင်မှ ကိုယ်ရိုက်လိုက်တဲ့ ပုံတစ်ပုံ ဟာ လူအများကြိုက်နှစ်သက်တော့မှ ရောင်းတန်းဝင် ဓာတ်ပုံဆရာတစ်ယောက် ဖြစ်နိုင်တာပါ။

Posted by Myo Thaw on Monday, May 27, 2019

(၂၀၀၅)ခုနှစ်လောက်က လူငယ်လေးတစ်ဦးဟာ ကျိုက်ထီးရိုးခရီးသွားရင်းနဲ့ သူငယ်ချင်းတွေကို အမှတ်မထင် ဓာတ်ပုံလေးတွေ ရိုက်ပေးခဲ့ဖူးပါတယ်။ ပတ်ဝန်းကျင်မှာ ဖြစ်ပျက်နေတဲ့ မြင်ကွင်းတွေကို မျက်စိတစ်မှိတ် အတွင်းမှာ ပန်းချီရေးတဲ့ အနုပညာတစ်ရပ်လို့ အဲ့ဒီလူငယ်လေးဟာ ခံစားမိခဲ့ပြီး ဓာတ်ပုံပညာကို အကြီးအကျယ် ရူးသွပ်သွားခဲ့ပါတယ်။ သူကတော့ လူငယ်ဓာတ်ပုံပညာရှင်တစ်ဦးဖြစ်တဲ့ မျိုးသော်ပါ။

READ
သမီးမိန်းကလေးရှိတဲ့ ဖခင်တွေဟာ အသက်ပိုရှည်ဟု လေ့လာချက်တစ်ရပ်က ဖော်ပြ

မျိုးသော်ကိုယ်တိုင် အရူးသွပ်ဆုံး ဓာတ်ပုံအမျိုးအစားကတော့ Street Photography ပဲ ဖြစ်ပါတယ်။ သူ့ရဲ့ ကိုယ်ပိုင်ခံ ယူချက်ကတော့ Street Photography မှာ ဟိတ်ဟန်မရှိ၊ စည်းဘောင်တွေ မရှိပဲ ၊ လူသားတွေရဲ့ သမိုင်းကို အရိုးရှင်းဆုံး ပုံစံနဲ့ ပန်းချီဆွဲပြီး မှတ်တမ်း တင်တယ်လို့ သတ်မှတ်ထားခြင်းပါ။

ဓါတ်ပုံ – မျိုးသော် Myo ThawStreet Photographer Subject ကိုတင်သွင်းလာတဲ့သူဓါတ်ပုံလောကမှာ Street…

Posted by Anegga on Sunday, July 28, 2019

တစ်ခါတစ်ရံမှာလည်း လိုအပ်တဲ့ ကင်မရာပစ္စည်းတွေ ၀ယ်ယူဖို့နဲ့ ဘ၀ရပ်တည်ရေးအတွက် ဈေးကွက်ဝင် (Commerical) ပုံတွေ ရိုက်ရပေမယ့် ဘောင်ထဲကနေ ရိုက်ကူးရတဲ့အတွက် လွတ်လပ်မှု မရှိဘူးလို့ မျိုးသော်က ခံစားရပါတယ်။ စည်းလွတ် ဘောင်လွတ်နဲ့ ကိုယ့်စိတ်ကူးစိတ်သန်းတွေကို အထိန်းအကွက်မရှိပဲ ပုံဖော်ချင်တဲ့ အပြင် မျိုးသော်ဟာ အဖြူ၊ အမည်း ဓာတ်ပုံတွေ ရိုက်ရတာကိုလည်း နှစ်သက်သူ ဖြစ်ပါတယ်။ အဖြူ၊ အမည်း ဓာတ်ပုံတွေဟာ အချိန်ရဲ့ တိုက်စားခြင်းကို ခံနိုင်တယ်လို့ သတ်မှတ်လို့လည်း အဖြူ၊ အမည်းဓာတ်ပုံရိုက်ရတာ ကို အားသန်တာ ဖြစ်ပါတယ်။

Posted by Myo Thaw on Sunday, February 23, 2020

အနုပညာသမားပီပီ တစ်ခါတစ်လေလည်း ကိုယ့်ပုံတွေ ကိုယ်ပြန် မကြည့်ချင်လောက်အောင် ငြီးငွေ့တာ၊ ဖန်တီး မှုတွေ ခန်းခြောက်တာ ကြုံရတဲ့ အချိန်တွေလည်း မျိုးသော်မှာ ရှိခဲ့ပါတယ်။ ရိုက်ထားတဲ့ ပုံတွေ ဈေးကွက်မ၀င် လည်း၊ လူတွေ မကြိုက်လည်း မျိုးသောက်ကတော့ သူ့ရဲ့ကိုယ်ပိုင် ခံယူချက်တစ်ခုအတွက် ဓာတ်ပုံတွေ တတ် နိုင်သလောက် ရိုက်ကူးသွားဦးမယ်လို့ ဆိုပါတယ်။

Posted by Myo Thaw on Wednesday, September 4, 2019

“ ဓာတ်ပုံပညာဆိုတာ ခလုတ်လေးတစ်ခုကို နိုပ်တာထက်တော့ ပိုပါတယ်ဆိုတာ ကျွန်တော့်ဓာတ်ပုံတွေကို ကြည့်တဲ့လူတိုင်း ခံစားမိရင် ကျေနပ်ပါပြီ”

SHARE