ခုတ်လိုက်ရင် သွေးတွေထွက်လာတဲ့ ထူးထူးဆန်းဆန်း ရှားပါးသစ်ပင်

dispatch.co.uk

ကျွန်တော်ငယ်ငယ်ကဆို တွေးမိတယ်။ လူတွေကို ဆိတ်ဆွဲရင်တောင် နာတာ ၊ သစ်ပင်တွေကို ခုတ်ရင်ရော သူတို့တွေ နာမလားလို့လေ။ နောက်ဆုံးတော့ သစ်ပင်ကို ခုတ်လိုက်ရင် သွေးထွက်တယ်ဆိုတာကို ရှာတွေ့ခဲ့တယ်။ ဘာ့ကြောင့် ဒီလိုဖြစ်တာလဲဆိုတာ ဆက်ဖတ်ကြည့်ကြရအောင်။

boredomtherapy.com

တောင်အာဖရိကတိုက်က သိပ္ပံအမည် Prerocarpus angolensis လို့ခေါ်တဲ့ သစ်ပင်တစ်မျိုးပဲဖြစ်ပါတယ်။ ဒီတိုင်းကြည့်လိုက်ရင်တော့ ပေါက်လေ့ပေါက်ထရှိတဲ့ အပင်တွေလိုပဲ ဘာမှထူးခြားမှုရှိတာ တွေ့ရမှာမဟုတ်ဘူး။ ဒါပေမဲ့ သူ့ကို ခုတ်ထစ်ကြည့်လိုက်ရင် ပုံမှာပြထားတဲ့အတိုင်း သွေးလိုလို အနီရောင်ရှိတဲ့ အရည်တွေ စိမ့်ထွက်လာတတ်ပါတယ်။

ဒါကြောင့် ဒီအပင်ဟာ သွေးသစ်ပင် (Bloodwood Tree) လို့ အမည်တွင်သွားခဲ့တာပဲဖြစ်ပါတယ်။

boredomtherapy.com

အပင်အကြောင်း ဂဂနနမသိတဲ့ လူဆိုရင်တော့ သရဲခြောက်ပြီလို့ ထင်မိမှာ အမှန်ပါပဲ။ ဒီလို သွေးရောင်ရှိတဲ့ နီနီအရည်တွေဟာ တကယ်တမ်းတော့ သွေးမဟုတ်ပါဘူးနော်။ အပင်ကို ခုတ်လိုက်တဲ့အခါ အဲဒီခုတ်ရာကို ပြန်ကောင်းစေမယ့် အပင်ကထွက်တဲ့ သစ်စေးတစ်မျိုးပဲဖြစ်ပါတယ်။

READ
ရေနေသတ္တ၀ါတွေ ရှင်သန်နိုင်ဖို့ သန္တာကျောက်တန်းတုတွေ ဖန်တီးခဲ့တဲ့ လူငယ်လေး
boredomtherapy.com

ဒီလို ခုတ်ရာကို သစ်စေးနဲ့ ပြန်ကောင်းစေတဲ့ အပင်တွေဟာ ရှားပါးမျိုးစိတ်ထဲမှာ ပါနေပါတယ်။ သွေးနဲ့တူတဲ့ သစ်စေးဟာ သန်ကောင်တွေကို ကျစေတဲ့အပြင် မျက်စိဝေဒနာကိုလည်း သက်သာစေတယ်လို့ ဒေသခံတွေက ပြောထားပါတယ်။ မီးဖွားပြီး မိခင်တွေ နို့်မထွက်တဲ့အခါလည်း ဒီသစ်စေးကို အသုံးပြုပြီး ဆေးဖော်လို့ရပါတယ်တဲ့။

boredomtherapy.com

ခုတ်လိုက်တဲအခါ ဘယ်လိုဖြစ်သွားသလဲဆိုတာကို အသေးစိတ်သိရဖို့အတွက် အောက်က ဗွီဒီရိုကို ကြည့်ရှုနိုင်ပါတယ်။

 

Penny

Source : Elite Readers

SHARE