မေးခွန်းထုတ်စရာ ဖြစ်နေတဲ့ ကမ္ဘာကျော်ပုဂ္ဂိုလ်တွေရဲ့ ပဟေဠိဆန်ဆန်သေဆုံးမှုများ

kickboxkarate_martial_arts/ diana fan/brandonlee_1965 instagram

ဒီကနေ့မှာတော့ Shwemom ပရိသတ်တွေအတွက် ပဟေဠိဆန်ဆန်သေဆုံးသွားခဲ့တဲ့ ကမ္ဘာကျော် ဆယ်လီတွေရဲ့ သေဆုံးမှုဖြစ်ရပ်တွေကို ဖေါ်ပြပေးလိုက်ပါတယ်။

Brandon Lee

brandonlee_1965 instagram

Bruce Lee ရဲ့သားဖြစ်တဲ့ Brandon Lee ကတော့ ရိုက်ကွင်းမှာ သေနတ်မှန်ပြီး သေဆုံးခဲ့တာပါ။တစ်စုံတစ်ေ ယာ က်က ကျည်ဆံမပါတဲ့ သေနတ်မှာ ကျည်ဆံအစစ်နဲ့ အစားထိုးခဲ့တာကြောင့်ဖြစ်ပါတယ်။

Princess Diana

fashion_lover_kw8 instagram

လူတွေရဲ့ ယူဆချက်တွေ အထောက်အထားတွေအရတော့ တော်ဝင်မိသားစုက မင်းသမီး ဒိုင်ယာနာကို အကွက် ကျကျနဲ့ ကားတိုက်မှုဖြစ်ခဲ့အောင်လုပ်ခဲ့တာလို့ ဆိုကြပါတယ်။ ဒါပေမဲ့ သူမက ကားတိုက်မှုအပြီးမှာ အသက်ရှင်နေ တုန်းပဲလို့လည်း လူအချို့ကပြောပြန်ပါတယ်။ ကားတိုက်မှုဖြစ်စဉ်က ဒိုင်ယာနာကို အရေးပေါ်ကားပေါ်တင်ဖို့အတွက် မိနစ် (30) လောက်ကြာခဲ့ပါတယ်။

Sri Devi

sridevithelegend intsagram

ဘောလိဝုဒ်မင်းသမီးကြီး Sri Devi သေဆုံးမှုကိုတော့ တာဝန်ရှိသူတွေက နှလုံးရောဂါကြောင့်သေတယ်ဆိုပြီးတော့ လူတွေကို အရင်အသိပေးခဲ့ပါတယ်။ နောက်မှသာ မင်းသမီးကြီးဟာ ရေချိုးကန်ထဲမှာ ရေနစ်သေဆုံးတယ်ဆို တဲ့ အကြောင်းကို ဖွင့်ပြောခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ထူးဆန်းတာကတော့ ရေနစ်သေဆုံးချိန်မှာ Sri Deviဟာ အရက်အ လွန်အကျူးသောက်ထားခြင်းလည်းမရှိပါဘူး။ဒါ့အပြင် ရေချိုးကန်ဟာ ရေနစ်သေဖို့အတွက် သေးလွန်းပါတယ်။

READ
ချစ်သူရဲ့ အလိုလိုက် ဂရုစိုက်ပုံလေးကို ထုတ်ကြွားလိုက်တဲ့ နန်းဆုရတီစိုး

Marilyn Monroe

marilynmonroe instagram

သူမသေပြီးနောက် ၈၀ခုနှစ် နောက်ပိုင်းမှာတော့ Warner Brosရုပ်ရှင်ထုတ်လုပ်ရေးကနေ David Lynch နဲ့ Mark Frost ကိုငှားခဲ့ပြီး Marilyn Monroe ရဲ့ မသေဆုံးရက်ပိုင်းအလိုအကြောင်းကို ရိုက်ကူးဖို့လုပ်ခဲ့ပါတယ်။ဒါပေမဲ့ အဲဒီ ရိုက်ကူးရေးအစီစဉ်ကတော့ ပျက်ခဲ့ပါတယ်။ဘာကြောင့်လဲဆိုတော့ David Lynch နဲ့ Mark Frostတို့က Marilyn Monroe ကို အစိုးရက သတ်ခဲ့တာလို့ ယူဆခဲ့တဲ့ အတွက်ကြောင့်ပါ။

Bruce Lee

kickboxkarate_martial_arts instagram

ကမ္ဘာကျော် နာမည်ကြီး အက်ရှင်မင်းသား Bruce Leeရဲ့ သေဆုံးမှုကတော့ တကမ္ဘာလုံးက ပရိသတ်တွေကို အံ့သြေ စခဲ့ပါတယ်။ သူကတော့ ဟောင်ကောင်မှာ ရိုက်ကူးရေးလုပ်နေစဉ်မှာ လဲကျသွားခဲ့ပြီး အကြောဆိုင်း သွားခဲ့ပါ တယ်။ဒါပေမဲ့ ဆရာဝန်တွေ ကုသပြီးနောက် ပြန်လည်အသက်ရှင်လာခဲ့ပါတယ်။ဒါပေမဲ့ လပိုင်းအကြာမှာ ခေါင်းကိုက်တဲ့ ဝေဒနာကို ခံစားရပြီးနောက် အခန်းထဲမှာ သေဆုံးနေတဲ့အလောင်းကို ရှာဖွေတွေ့ရှိခဲ့တာဖြစ်ပါတယ်။ သူရဲ့သေ ဆုံးမှု ကိုတော့ မတည့်တဲ့ဆေးကို သောက်လို့သေတယ်ဆိုပြီးတော့ တာဝန်ရှိသူတွေက ထုတ်ပြန်ခဲ့ပါတယ်။ ဒါပေမဲ့ တရားဝ င်သေမှုသေခင်းစာမှာတော့ သူရဲ့သေဆုံးမှုကို မတော်တဆ ထိခိုက်သေဆုံးလို့ ရေးသားဖေါ်ပြခဲ့ပါတယ်။ ဒါကြောင့် ပရိသတ်တွေကတော့ သူရဲ့ သေဆုံးမှုနဲ့ပတ်သတ်ပြီး အခုအချိန်အထိ ပဟေဠိဖြစ်နေဆဲဖြစ်ပါတယ်။

READ
ပရိသတ်တွေ မနာလိုဖြစ်စေမယ့် ဗီဒီယိုလေးတစ်ခုကို တင်လိုက်တဲ့ နွယ်နွယ်ထွန်း

Source: thoughtcatalog/wiki

SHARE