မဲလ်ဘုန်းမြို့မှာ လက်ငြှိုးထိုးမလွဲတွေနေရတဲ့ “ခရစ်စ်ကျွန်မကိုစကားပြောပါ” ဆိုတဲ့စာ

Frankston Community Noticeboard/Facebook

လမ်းမပေါ်က နံရံတွေမှာ graffiti ဆွဲထားတာတွေဟာ ပုံမှန်လိုဖြစ်နေပြီမလို့ သိပ်တောင်မထူးဆန်းတော့ပါဘူး။ ဒါပေမဲ့ သြစတေးလျားရဲ့ မဲလ်ဘုန်းမြို့က ဆင်ခြင်ဖုံးရပ်ကွက်တစ်ခုမှာ တွေ့နေရတဲ့ “ခရစ်ကျွန်မကို စကားပြောပါ..” နဲ့အစချီထားတဲ့ graffiti တွေကတော့ လူအများရဲ့စိတ်ဝင်စားခြင်းကို တော်တော်လေး ခံနေရပါတယ်လို့ ABC.AU မှာ ဖော်ပြထားပါတယ်။

Graffiti အပြည့်အစုံစာသားကတော့ “Chris U Need 2 Talk 2 Me B4 Baby Is Born Or Dont Bother After” ပါတဲ့။ ဓာတ်ပုံတွေကတော့ The Frankston Community Noticeboard ရဲ့ Facebook page မှ တင်ထားခဲ့တာတွေဖြစ်ပြီး တစ်ရက်မပြည့်ခင်မှာပဲ Share ပေါင်း ၁ သောင်းလောက်အထိ ရှိနေခဲ့ပါတယ်။

Media release as per Victoria PoliceWoman charged following graffiti in FrankstonWednesday, 31 July 2019 13:49A…

Posted by Frankston Community Noticeboard on Tuesday, July 30, 2019

သူ့စာတွေကလည်း စိတ်ဝင်စားလည်းစားစရာပါပဲ။ “ကျွန်မကလေးမမွေးခင် စကားလာပြောရင်ပြော၊ မပြောရင် တစ်သက်လုံးပတ်သက်ဖို့ မစဉ်းစားနဲ့တော့ ခရစ်စ်” ဆိုတော့.. တချို့ကတော့ ဒီစာထဲက ခရစ်စ်ဆိုတဲ့ လူကိုစိတ်ဝင်စားနေတဲ့သူတွေရှိနေပေမယ့် များသောအားဖြင့်တော့ ဒေသခံတွေဟာ သူတို့ သပ်သပ်ရပ်ရပ်ပြင်ဆင်ထားတဲ့ မြို့လေးကိုဖျက်တယ်ဆိုပြီး ဒေါသပုန်ထုနေခဲ့ကြတာပါ။

READ
ပြောင်ချော်ချော်စနောက်တတ်သူများကို နာဆာမှ အာကာသမှူးအဖြစ်ခေါ်ယူနေသည့်အစီအစဉ်
Frankston Community Noticeboard FB
Frankston Community Noticeboard FB
Frankston Community Noticeboard FB
Frankston Community Noticeboard FB

အခုအချိန်အထိ graffiti က Chris က ဘယ်သူဘယ်ဝါဆိုတာ မသိရသေးပါဘူး။ ဒါပေမဲ့လည်း graffiti တွေကိုတော့ Frankston မြို့တော်ဝန်က နာမည်ကြီးကြီးချင်းပဲ ဖျက်ဖို့၊ ဖုံးဖို့အမိန့်ပေးလိက်ခဲ့ပါပြီတဲ့။

Penny

SHARE