ကိုရိုနာဗိုင်းရပ်စ်ဟာ လူအချင်းချင်း ပြန့်ပွားကူးစက်နိုင်ကြောင်း တရုတ်အတည်ပြု

twitter/indiatoday,@picture alliance/dpa/Center for Disease Centre

မကြာခင်ကမှ ပေါ်လာတဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ကိုရိုနာဗိုင်းရပ်စ်ပိုးကြောင့် အနည်းဆုံး လူ(၃) ဦး သေဆုံးကာ နာမကျန်းသူဦးရေ (၂၀၀) ကျော်ထိ ရှိလာပါပြီ။ တရုတ်အစိုးရဘက်က ပညာရှင်တစ်ယောက်ကတော့ ကိုရိုနာဗိုင်းရပ်စ်ဟာ လူအချင်းချင်းကြား ကူးစက်နိုင်ခြေရှိတယ်လို့ ပြောကြားခဲ့တာကို CNN သတင်းဌာနကတဆင့် သိရတာပါ။

အခုရာသီဟာ တရုတ်နှစ်သစ်ကူးရာသီဖြစ်တဲ့အတွက် သန်းပေါင်းများစွာသော လူတွေဟာ ခရီးတွေထွက်ကြပါတယ်။ ဒါကြောင့် ရောဂါပိုးကူးစက်ခံရမှုဟာ ကြောက်စရာကောင်းလောက်အောင် ဖြစ်နေပြီလို့ တချို့က သုံးသပ်နေကြတာ ဖြစ်ပါတယ်။

twitter/indiatoday

ကိုရိုနာ ဗိုင်းရပ်စ်ဟာ နမိုးနီးယားဗိုင်းရပ်စ်နဲ့ ဆင်တူပါတယ်။ ယနေ့အချိန်ထိ ဗိုင်းရပ်စ်ဟာ လူမှလူချင်း ကူးစက်ခံရမှု (၂) ကြိမ်နဲ့ ဆေးဝန်ထမ်းတွေပါ ကူးစက်ခံနေရတာကို တွေ့ရှိလာရတာ ဖြစ်ပါတယ်။ တရုတ်အာဏာပိုင်တွေ ပြောကြားချက်အရ ကိုရိုနာဗိုင်းရပ်စ်ဟာ ၀ူဟန်မြို့က ပင်လယ်စာဈေးတစ်ခုမှာ စတင်ပေါက်ဖွားလာပြီး ကနဦးအဆင့်မှာတော့ တိရစ္ဆာန်ကနေ လူဆီကို ကူးစက်ခဲ့တာ ဖြစ်ပါတယ်။ မကြာသေးခင်က ရောဂါပိုးတွေ့ရှိတဲ့သူနှစ်ဦးကတော့ ၀ူဟန်မြို့တွင်းမှာပဲ နေထိုင်သူတွေပါ။ သူတို့ဟာ မိုင်ပေါင်းရာချီကွာခြားကာ နေထိုင်ခဲ့ပေမယ့် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံခဲ့ရတာ ဖြစ်ပါတယ်။

READ
Disney ကာတွန်းဇာတ်ရုပ်တွေလို လိုက်လံပြုမူခဲ့တဲ့ ချစ်စရာ အမွှာညီအစ်ကို

ကျန်းမာရေးဝန်ကြီးဌာနက တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ မစ္စတာကျုံးကတော့ လတ်တလော တွေ့ရှိချက်တွေအရ ဗိုင်းရပ်စ်ဟာ လူကနေ လူချင်း ကူးစက်တာကို တွေ့နေရပြီလို့ ပြောပြခဲ့တာပါ။ မစ္စတာကျုံးဟာ ပြီးခဲ့တဲ့ (၂၀၀၃) ခုနှစ်က ဖြစ်ပွားခဲ့တဲ့ ပြင်းထန်တဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ဆားဗိုင်းရပ်စ်ကို ရှာဖွေရာမှာလည်း အကူအညီပေးခဲ့သူ ဖြစ်ပါတယ်။ လက်ရှိ ကိုရိုနာဗိုင်းရပ်စ်မျိုးစိတ်သစ်ဟာ ဆားစ်လောက် အခြေအနေမပြင်းထန်ပေမယ့် ဗိုင်းရပ်စ်ကတော့ တရိပ်ရိပ်နဲ့ ပြန့်ပွားလာနေတယ်လို့ မစ္စတာကျုံးက သုံးသပ်ခဲ့ကြောင်းလည်း သိရပါတယ်။

လင်းလင်း (ShweMom)

SHARE