အမည်ရောင်ကွင်းကြီး ကောင်းကင်မှာပျံဝံခဲ့လို့ လူအများအပြား စိုးရိမ်နေကြ

အင်္ဂလန်နိုင်ငံ အနောက်ယော့ခ်ရှိုင်းယား Birkenshaw မြို့အနီး M62 လမ်းမကြီးနဲ့ မလှမ်းမကမ်းက ကောင်းကင်ယံမှာ အမျိုးအမည်မသိရသေးတဲ့ အမည်းရောင်ကွင်းကြီး ဖြတ်ပြီးပျံသန်းခဲ့လို့ လူတော်တော်များများက စိုးရိမ်ထိတ်လန့်နေကြပါတယ်။ ဒီအတွက်လည်း မိုးလေ၀သပညာရှင်တွေက စုံစမ်းထောက်လှမ်းနေကြပါတယ်။

ဒီအဖြစ်အပျက်ကို မှတ်တမ်းတင်ခဲ့သူကတော့ Kimberley Robinson အမည်ရ (25)နှစ်အရွယ် အမျိုးသမီးဖြစ်ပြီး၊ သူမရဲ့ ချစ်သူ Danny Cooper (26)နှစ်နဲ့ ထိုအချိန်တုန်းက ကားထဲမှာ အတူရှိနေခဲ့ပါတယ်။ သူမဟာ အဲဒီဗွီဒီယိုဖိုင်ကို လူမှုကွန်ယက်မှာ ဖြန့်ဝေခဲ့ပြီး၊ ဘယ်သူမှ တိကျတဲ့ ဖြေရှင်းမှုကို မပြုလုပ်နိုင်ခဲ့ပါဘူး။

တစ်ချို့ကတော့ လေဖိအားကြောင့် မီးခိုးတွေက ဒီလို ကွင်းပုံစံမျိုး ဖြစ်သွားကြတာဖြစ်နိုင်တယ်လို့ အကြံပြုခဲ့ပါတယ်။ သို့ပေမယ့် ယော့ခ်ရှိုင်းယား မီးသတ်တပ်ဖွဲ့တော့ မည်သည့် မီးလောင်မှုမှ ဆက်သွယ်အကြောင်းကြားခြင်း မရှိခဲ့ဘူးလို့ အတည်ပြုခဲ့ပါတယ်။

UFO ကဲ့သို့သော် ပန်းကန်ပြားပျံတွေကို စုံစမ်းထောက်လှမ်းနေတဲ့ Nick Pope ဆိုသူကတော့ ဒါဟာ ထူုးဆန်းတဲ့ ယာဉ်ပျံလည်း ဖြစ်နိုင်တယ်လို့ မှတ်ချက်ပြုခဲ့ပါတယ်။ ဒါပေမယ့် အခု ဗွီဒီယိုထဲမှာ မြင်ရတဲ့ပုံအတိုင်းဆိုရင်တော့ ပျံဝဲနေတဲ့ အမည်းရောင်ကွင်းဟာ ပုံသဏ္ဍန်အားဖြင့် တည်ငြိမ်မှုမရှိလို့ ယာဉ်တစ်ခုလို့တော့ သတ်မှတ်လို့ မရပါဘူး။

READ
ခွေးကို iPhone 7s (၈)လုံး လက်ဆောင်ဝယ်ပေးတဲ့ သူဌေးသား

(ဒီအမည်းရောင်ကွင်းဟာ ပျားတွေ နေရာပြောင်းရွှေ့မှုလည်း ဖြစ်နိုင်ပါတယ်။ တစ်ခါတစ်ရံမှာ ပျားတွေဟာ တစ်နေရာမှ တစ်နေရာ ယခုကဲ့သို့ အုပ်စုဖွဲ့ပျံသန်းကာ တောပြောင်းတက်ကြပြီး၊ အများအားဖြင့်တော့ အမည်းရောင်အတန်း
ကြီး ပုံစံမျိုး ဖြစ်တတ်ပါတယ်။ ဒီလို ကွင်းပုံစံတော့ ဖြစ်တောင့်ဖြစ်ခဲ့ပါ။ သတင်းရေးသူ၏ ယူဆချက်သာ)

Shwemom Team မှ စီစဉ်တင်ဆက်သော www.shwemom.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ  ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

နတ်စည်တော် (Shwemom)

source : metro.co.uk

SHARE