အပင်လား၊ သတ္တ၀ါလား ခွဲမရသေးတဲ့ ဗီယက်နမ်တောင်ပိုင်း ပင်လယ်ထဲက သက်ရှိ

ဗီယက်နမ်နိုင်ငံတောင်ပိုင်းက ပင်လယ်ကမ်းခြေတစ်ခုမှာ တွေ့ရခဲပြီး ထူးဆန်းတဲ့ အသွင်နဲ့ အရည်ထိန်း အင်္ဂါအစိတ်အပိုင်းတွေ ပါဝင်တဲ့ သက်ရှိမျိုးစိပ် တစ်မျိုးကို တွေ့ခဲ့ရပါတယ်။

Kien Giang ဆိုတဲ့ ဧည့်လမ်းညွှန်က ဒီ ထူးဆန်းတဲ့ သတ္တ၀ါကို ပြီးခဲ့တဲ့လက တွေ့ရှိခဲ့တာဖြစ်တယ်လို့သိရတယ်။ ၄င်းဟာ အနက်ရောင်၊ အညိုရောင် ပင်လယ်နေသတ္တ၀ါတစ်မျိုးဖြစ်ပြီး ရာချီတဲ့ လက်အင်္ဂါတွေနဲ့ တွန့်လိမ် တွားသွားတတ်တယ်။

Viral Press

၎င်းကို တွေ့ရှိခဲ့တဲ့ Du Nam Du ဆိုသူနဲ့ တခြားသော ခရီးသွားများကလည်း ဒီ ပင်လယ်သတ္တ၀ါရဲ့ ထူးဆန်တဲ့ အသွင်အပြင်နဲ့ ရွေ့လျားပုံတွေကို စိတ်ဝင်တစားနဲ့ အနီးကပ်ကြည့်ရှုခဲ့ကြပါတယ်။

“ဒါက အပင်လား၊ သတ္တ၀ါလား၊ ဘာလဲ ကျွန်တော်လည်း မသိဘူး” လို့ Nam Du က ပြောပါတယ်။

READ
တက်တူးဖယ်မယ်ဆို ကြိုတင်သိသင့်တာလေးတွေ
Viral Press

ဒေခံတစ်ယောက်ဖြစ်တဲ့ Kim Tho ကတော့ “ဒါဟာ မွန်စတားတစ်ကောင်ပဲ။ တစ်နေ့မှာ အခုထက် (၁၀) ဆလောက် ပိုကြီးလာပြီး သမုဒ္ဒရာထဲကနေ ပြန်ပေါ်လာနိုင်တယ်” လို့ ဒဏ္ဍာရီဆန်ဆန်ပြောပါတယ်။

ဒေသခံတွေက ဒီ ထူးဆန်းတဲ့ သတ္တ၀ါကို သိပ်မကြာတဲ့နောက်မှာ သမုဒ္ဒရာထဲကို ပြန်လွှတ်ပေးခဲ့တယ်။ ဒါပေမယ့်လည်း ဒီ အကောင် ဘာအကောင်လဲဆိုတာကို စဉ်းစားရကြပ်ပြီး ကျန်ခဲ့ကြတယ်။

ကျွမ်းကျင်သူတွေကတော့ ဒါဟာ အသက်ရှုတတ်တဲ့ ပင်လယ်ရေမှော်တစ်မျိုး ဖြစ်နိုင်တယ်လို့ ယူဆနေကြပါတယ်။ အကိုင်းအတက် တစ်ခုမှာ လက်ချောင်းလို အစိတ်အပိုင်း (၁၂) ခုလောက်ရှိပြီး အားလုံးက တခြားစီကို လှုပ်ရှားနေကြတယ်လို့ ဖော်ပြထားပါတယ်။

Source : DailyMail

SHARE