ပန်းကန်ပြားပျံဟု ယူဆရသည့် ယာဉ်(6)စီး ဆားဘီးယားကောင်းကင်မှာ စုဖွဲ့ပျံသန်းခဲ့

ဆားဘီးယားနိုင်းငံအရှေ့ပိုင်း Donji Milanovac မြို့ ကောင်းကင်ယံမှာ ဇူလိုင်လ 25 ရက် ည 10 နာရီဝန်းကျင်မှာ အမည်မသိယာဉ်အုပ်စုတစ်ခု စုဖွဲ့ပျံသန်းခဲ့တယ်လို့ သိရပါတယ်။ အဆိုပါဗွီဒီယိုဖိုင်ကို ဒေသခံတစ်ဦးက ဖုန်းနဲ့ရိုက်ကူးခဲ့တာ ဖြစ်ပြီး၊ Dragan Vasic လို့ အမည်ရတဲ့ YouTube အသုံးပြုသူတစ်ဦးက ဖြန့်ဝေခဲ့ပါတယ်။

ဒေသခံတစ်ဦးရဲ့ ပြောကြားချက်အရ Dinji မြို့ကောင်းကင်မှာ ပန်းကန်ပြားပျံလို့ ယူဆရတဲ့ ယာဉ် 6 စီး စုဖွဲ့ပျံသန်းခဲ့ကြပြီး၊ တစ်စီးကိုတော့ မထင်မရှားသာတွေ့ရကြောင်း ဆိုပါတယ်။ ဗွီဒီယိုရဲ့ ကြာမြင့်ချိန်ဟာ 2 မိနစ် နီးပါးဖြစ်ပြီး၊ အမျိုးအမည်မသိ ယာဉ်တွေဟာ တြိဂံပုံစံနဲ့ ပျံသန်းခဲ့တယ်လို့ သိရပါတယ်။

တိုတောင်းတဲ့ ပျံသန်းချိန်အတွင်းမှာ ယာဉ်ငယ်တွေဟာ တစ်ခုပြီးတစ်ခု ကောင်းကင်ယံအတွင်းမှာ ပျောက်ကွယ်သွားပါတယ်။ မှတ်ချက်ရေးသူတစ်ဦးကတော့ ” ဒါက မီးရှုးမီးပန်းတွေပါ … တရုတ်စတိုးဆိုင်မှာဆိုရင် မင်းတို့ ကြိုက်သလောက် ၀ယ်လို့ရပါတယ် “လို့ ရေးသားခဲ့ပါတယ်။

READ
အမျိုးသမီးအင်္ဂါအနံ့နဲ့ ရေမွှေးဖယောင်းတိုင်ကို ထုတ်လုပ်လိုက်တဲ့ ဟောလိဝုဒ် မင်းသမီး

အခြားမှတ်ချက်ရေးသူတစ်ဦးကတော့ ” ရုရှတွေလွှတ်တင်ထားတဲ့  Pilot satellite တွေပါ … ဒီကောင်တွေကို ရုရှတွေက ‘Brightest star in the sky’ ဆိုပြီး ခေါ်ကြတယ် .. အဲဒီယာဉ်လေးတွေက အလင်းပြန်အားကောင်းပြီး ညတိုင်းလိုလို ရှိတတ်ပါတယ် .. ဒါပေမယ့် ရာသီဥတုကြောင့် ကျနော်တို့ မမြင်ရတာများပါတယ် “လို့ ရေးသားခဲ့ပါတယ်။

Shwemom Team မှ စီစဉ်တင်ဆက်သော www.shwemom.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

နတ်စည်တော် (Shwemom)

READ
ဖောက်ပြန်တဲ့ခင်ပွန်းကို (၁၂) လက်မရှည်တဲ့မီးဖိုချောင်သုံးဓါးနဲ့ ဘ၀တုံးအောင်လုပ်လိုက်တဲ့ မိန်းမ

source : mirror.co.uk

SHARE