ကမ္ဘာ့အကြီးဆုံး မြေကျွံပေါက်ကြီးတွေကို တရုတ်တောနက်တစ်ခုအတွင်းမှာ တွေ့ရှိ

Ministry of Natural

တရုတ်နိုင်ငံက ဘူမိဗေဒပညာရှင်တွေဟာ တောနက်တစ်ခုအတွင်းမှာ အလွန်ကြီးမားတဲ့ မြေကျွံပေါက်ကြီးတွေ တွေ့ရှိခဲ့တာကြောင့် အတော်လေး အံ့သြမင်သက်နေခဲ့တယ်လို့ ဆိုကြပါတယ်။ အဆိုပါ မြေကျွံပေါက်ကြီးတွေဟာ နှစ်တော်တော်များများကတည်းက တည်ရှိခဲ့တာဖြစ်ပြီး၊ တိုင်းတာကြည့်တဲ့အခါ ပျမ်းမျှအားဖြင့် (၁၀၀၀၀၀၀) m3 အထက် ပိုတယ်လို့ သိရပါတယ်။

မြေကျွံပေါက် (၁၉)ပေါက်အထိ တွေ့ရှိခဲ့တာဖြစ်ပြီး၊ တွေ့ရှိခဲ့တဲ့နေရာကတော့ တရုတ်နိုင်ငံ၊ အရှေ့တောင်ပိုင်း Guangxi စီရင်စု၊ Baise မြို့အနီးက တောတောင်ထူထပ်တဲ့ တောအုပ်တစ်နေရာမှာ ဖြစ်ပြီး၊ ကမ္ဘာကျော် Avatar ဇာတ်ကားရိုက်ကူးခဲ့တဲ့နေရာနဲ့ နယ်မြေချင်းကပ်လျှက် နီးနီးစပ်စပ်မှာ တည်ရှိကြတယ်လို့ သိရပါတယ်။

Ministry of Natural

မြေကျွံမှုဖြစ်ရခြင်းရဲ့ အဓိက အကြောင်းအရင်းမှာ ရေအောက်မြစ်တွေကြောင့် သော်လည်းကောင်း၊ သို့တည်းမဟုတ် မြေသားပျော့ပြောင်းမှုနဲ့ မိုးများလွန်းတဲ့အခါသမယတွေမှာသော်လည်းကောင်း အဖြစ်များတတ်ပါတယ်။ ဒီမြေကျွံပေါက်ကြီးတွေကတော့ ဘယ်အချိန်ကတည်းက ရှိနေခဲ့တယ်ဆိုတာကို ပညာရှင်တွေက တွက်ချက်နေဆဲပါ။

အခုတွေ့ရှိခဲ့တဲ့မြေကျွံပေါက်ကြီးတွေက ကြီးမားလွန်းလို့ အထဲမှာ ရေအိုင်၊ ရေတံခွန်နဲ့ အရောင်အသွေးစုံလင်လှတဲ့ သဘာဝလိုဏ်ဂူတွေလည်း တည်ရှိနေတယ်လို့ သိရပါတယ်။ တွေ့ရှိခဲ့တဲ့အဖွဲ့ကတော့ China’s Geological Survey of the Ministry of Natural Resources အဖွဲ့ဖြစ်ပါတယ်။

Ministry of Natural

အဖွဲ့ဝင်တစ်ဦးကတော့ အခုတွေ့ရှိတဲ့ မြေကျွံပေါက်တွေဟာ Tropic of Cancer တောင်ပိုင်းမှာ တွေ့ရတဲ့ မြေကျွံပေါက်ကြီးတွေထက် အစပေါင်းများစွာ ပိုကြီးနေတယ်လို့ ဆိုပါတယ်။ အဲဒီဒေသမှာလည်း မြေကျွံပေါက်များစွာ ရှိနေပါတယ်။ တွေ့ရှိခဲ့တဲ့နေရာဟာ နယ်နိမိတ်ချင်းဆက်နေတဲ့ Hunan စီရင်စုက Zhang Jia Jie National Forest Park နဲ့ မနီးမဝေးမှာ ဖြစ်ပါတယ်။

Zhang Jia Jie National Forest Park မှာ (၂၀၀၉)ခုနှစ်က ကမ္ဘာကျော် Avatar ဇာတ်ကားရဲ့ ဇာတ်ဝင်ခန်းတွေ လာရောက်ရိုက်ကူးခဲ့တာဖြစ်ပြီး၊ အဲဒီနောက်ပိုင်း အဆိုပါ အပန်းဖြေဥယျာဉ်ဟာ လူသိပိုများလာခဲ့တာပါ။ အခုတွေ့ရှိတဲ့ မြေကျွံပေါက်ကြီးတွေထဲမှာ အပင်မျိုးစိတ်အသစ်တွေလည်း ရှင်သန်နေကြတယ်လို့ သိရပါတယ်။ (၂၀၁၄)ခုနှစ်တုန်းကလည်း သိပ္ပံပညာရှင်တွေဟာ Shaanxi နယ်မှာ မြေကျွံပေါက် (၅၀) တွေ့ရှိခဲ့ရပါသေးတယ်။

Ministry of Natural

လင်းသုတ

SHARE