ရွှေရောင် Suzuki ကားသစ်ကြီး ပိုင်ဆိုင်နိုင်မယ့် “ဥုံဖွ ဥုံဖွ၊ ဆုတွေရ” MytelPay အစီအစဉ်

MyTel

အားလုံးအတွက် အကောင်းဆုံး၊ ခေတ်အမီဆုံး၊ ဈေးအသက်သာဆုံး၊ စိတ်အချရဆုံး ဆိုတဲ့ဝန်ဆောင်မှုတွေကိုပဲ ယူဆောင်လာပေးလေ့ရှိတဲ့ MytelPay က သုံးစွဲသူတွေအတွက် စိတ်ဝင်စားဖို့ကောင်းပြီး ပျော်ရွှင်စရာကောင်းတဲ့ အစီအစဉ်တစ်ခုကို ထုတ်ပြန်ကြေညာခဲ့ပါတယ်။

MytelPay ရဲ့ ‘ဥုံဖွ ဥုံဖွ ဆုတွေရ’ အစီအစဉ်ကတော့ MytelPay အသုံးပြုပြီး ငွေလွှဲ၊ ငွေပေးချေမှုပြုလုပ်ရုံနဲ့ အသစ်ဆက်စက် ရွှေရောင် Suzuki ကားတွေ၊ E-money၊ ၄၉ လက်မ Sony Smart TV တွေ၊ RealMe 6Pro Smart Phone တွေနဲ့ Mytel ရဲ့ ဆက်သွယ်ရေးဝန်ဆောင်မှု ဆုလက်ဆောင်တွေ အစရှိတဲ့ ဆုကြီးတွေကို ရရှိနိုင်မယ့် အခွင့်အရေးကို ရရှိမှာပဲဖြစ်ပါတယ်။

အားလုံးအနေနဲ့ အေးဂျင့်တွေကနေတစ်ဆင့် အနည်းဆုံး ၂၅၀၀၁ ကျပ်ကနေစပြီး ငွေလွှဲတာပဲဖြစ်ဖြစ်၊ MytelPay app အသုံးပြုပြီး အနည်းဆုံး ၁၀၀၀ ကျပ် Mytel ဖုန်းငွေဖြည့်တာပဲဖြစ်ဖြစ် ဒါမှမဟုတ် MytelPay app အသုံးပြုပြီး အနည်းဆုံး ၂၀,၀၀၀ ကျပ်ဖိုး FTTH bill ပေးဆောင်တာပဲဖြစ်ဖြစ် ဒီ promotion မှာပါဝင်ဖို့ အကျုံးဝင်ပါတယ်။ အခုနကပြောထားတဲ့အချက်တွေထဲက တစ်ခုကို ပြုလုပ်လိုက်တာပဲဖြစ်ဖြစ် သုံးစွဲသူတွေအနေနဲ့ ဆုတွေကံထူးနိုင်မယ့် lucky code ရယ် e-money ရရှိနိုင်မယ့် အခွင့်အရေးရယ် ရရှိမှာပဲ ဖြစ်ပါတယ်။

READ
ငယ်ရွယ်ပြီး လှပတဲ့ မိန်းကလေးတစ်ယောက်ဖြစ်ဖို့ ဘယ်လိုအချက်တွေ လိုအပ်ပါသလဲ
MytelPay Golden Car Lucky Draw

အေးဂျင့်တွေကနေတစ်ဆင့် ငွေလွှဲရင်တော့ lucky code ရယ်၊ e-money ရရှိနိုင်မယ့် အခွင့်အရေးရယ် အပြင် Mytel ရဲ့ ဆက်သွယ်ရေးဝန်ဆောင်မှုတွေဖြစ်တဲ့ 10 GB ကနေ မိနစ် ၂၀၀ အထိ ဖုန်းခေါ်ဆိုခွင့် ဆုလက်ဆောင်တွေပါ ထပ်မံရရှိမှာပဲဖြစ်လို့ သုံးစွဲသူတွေအနေနဲ့ MytelPay အသုံးပြုပြီး ငွေလွှဲပါလို့ တိုက်တွန်းချင်ပါတယ်။ ပရိုမိုရှင်းကာလ ကတော့ ၂၀၂၀ ခုနှစ် ဩဂုတ်လ ၁၅ ရက် နေ့ကနေစပြီး ၂၀၂၀ ခုနှစ် အောက်တိုဘာလ ၁၅ ရက် အထိဖြစ်ပါတယ်။
အသုံးပြုသူတွေ သိစေဖို့အတွက်လည်း ရရှိနိုင်မယ့် ဆုအမျိုးအစားတွေရယ် အရေအတွက်ရယ်ကို အောက်မှာဖော်ပြလိုက်ပါတယ်။

  • ဆုကြီး – ရွှေရောင် Suzuki Swift ကားအသစ် ၂ ပရိုမိုးရှင်းကာလအပြီး Lucky Code
  • အပတ်စဉ်ဆု –  ၄၉ လက်မ Sony Smart TV ၈ တစ်ပတ်လျှင် တစ်ဆု Lucky Code                                             –  RealMe 6Pro စမတ်ဖုန်း (8/128) ၈ တစ်ပတ်လျှင် တစ်ဆု Lucky Code
  • နေ့စဉ်ဆု –  ၁ သောင်းကျပ် E-money – နေ့စဉ် ချက်ချင်း
    ၁ ထောင်ကျပ် E-money – နေ့စဉ် ချက်ချင်း
  • ဆက်သွယ်ရေးဝန်ဆောင်မှုဆု  –  ၁၀ GB အထိ – နေ့စဉ် ချက်ချင်း
    – On-net ၂၀၀ မိနစ် – နေ့စဉ် ချက်ချင်း
READ
ငါးတန်းနှင့်ပြိုင် ဘယ်သူနိုင်?

သုံးစွဲသူတွေအနေနဲ့ ဒီလိုဆုကြီးတွေရရှိနိုင်မယ့်အခွင့်အရေးကို လုံးဝလက်လွှတ်ဆုံးရှုံးမခံသင့်လို့ အခုပဲ MytelPay app အသုံးပြုပြီး ငွေလွှဲ၊ ငွေထုတ်နဲ့ အခြားဝန်ဆောင်မှုတွေအသုံးပြုလိုက်ပါလို့ တိုက်တွန်းချင်ပါတယ်။ အသေးစိတ်သိချင်ရင်တော့ MytelPay Facebook Page https://www.facebook.com/MytelPayOfficial/ မှာ ဝင်ရောက်ကြည့်ရှုနိုင်ပြီး MytelPay hotline ဖြစ်တဲ့ ၉၉၉ ဒါမှမဟုတ် 09688000999 ကို ဖုန်းဆက်ပြီး မေးမြန်းနိုင်ပါတယ်။ onelink .to/mytelpay ကိုနှိပ်ပြီးတော့လည်း MytelPay အပ်ပလီကေးရှင်းကို ဒေါင်းလုပ်ဆွဲနိုင်ပါတယ်။

Sponsored by Mytel

SHARE