အင်ဒိုနီးရှားမှာ ရွှေထက်တောင် ဈေးပိုကောင်းနေတဲ့ N95 Mask ဈေးကွက်

Twitter/Tempo

ယခင်က N95 Mask အခု(၂၀)ပါ ပါကင်တစ်ဘူးကို ငွေအနည်းငယ်သာ ပေးခဲ့ရပေမယ့် အခုအခါမှာတော့ ဝူစန်ဗိုင်းရပ်စ်ကို အကြောင်းပြုပြီး အင်ဒိုနီးရှားမှာ N95 Mask ပါကင်တစ်ဘူးဟာ မလေးရှားရင်းဂစ် (၄၅၂)အထိ ရောက်နေပြီလို့ The Straits Times သတင်းစာက ဆိုပါတယ်။ ဒါဟာ ရွှေတစ်ဂရမ်ထက်တောင် ပိုများတဲ့ပမာဏဖြစ်နေလို့ သက်ဆိုင်ရာက အမြန်ထိမ်းကြပ်ဖို့လိုနေကြောင်း လူမှုကွန်ရက်မှာ ဝေဖန်မှုတွေရှိနေပါတယ်။

လက်တလောမှာတော့ Mask ရောင်းချသူတွေဟာ စီးပွားဖြစ်နေပြီး၊ အထူုးသဖြင့်တော့ ဈေးကွက် တိတိကျကျ ထိန်းချုပ်နိုင်ခြင်းမရှိတဲ့ နေရာတွေမှာတော့ မူလရောင်းချတဲ့ဈေးထက် အဆပေါင်းများစွာ ဈေးတင်ရောင်းချနေတာမျိုးတွေလည်း ရှိပါတယ်။ ဒီလိုအဖြစ်မျိုးက နိုင်ငံတိုင်းမှာ ရှိနေနိုင်တာပါ။

Twitter/WAHYUDI SOERIAATMADJA

အင်ဒိုနီးရှားမှာတော့ အခု(၂၀)ပါ N95 Mask ပါကင်တစ်ဘူးဟာ ရွှေတစ်ဂရမ်ထက်တောင် ဈေးပိုကြီးနေပြီဆိုတဲ့ အခြေအနေကို ရင်ဆိုင်နေရပါတယ်။ Mask တွေဟာ ဈေးကွက်အတွင်း ပစ္စည်းပျက်တောက်သည်အထိ ဝယ်လိုအားမမျှ ဖြစ်နေပြီး၊ ဒီအခြေအနေကပဲ မလိုအပ်ဘဲ ဈေးတင်ရောင်းမှုတွေ၊ ကုန်ပစ္စည်း ရှိနေပါလျှက် ဈေးကောင်းစောင့် ရောင်းချမှုတွေ ဖြစ်စေတာပါ။

အင်ဒိုနီးရှားနိုင်ငံ၊ ဂျာကာတာရဲ့ ဆေးဘက်ဆိုင်ရာ ပစ္စည်းတွေ အများဆုံး ဖြန့်ဖြုးရောင်းချနေတဲ့ Pasar Pramuka မှာ Mask တွေဟာ မူလဈေးနှုန်းထက် အနည်းဆုံး (၇)ဆလောက်ထိ ဈေးမြောက်နေပါတယ်။ သူတို့ ငွေပေါက်ဈေးနဲ့ဆိုရင် Mask တစ်ဘူးကို အင်ဒိုရူဘီး (၁.၅)သန်းအထိ ပေးနေရပါတယ်။

 

READ
စူပါဟီးရိုးနှစ်ဦးနမ်းတဲ့ပုံပါတဲ့ ကလေးကာတွန်းစာအုပ်ကြောင့် ဘရာဇီးမှာဂယက်ထ
Twitter/Bernama

အင်ဒိုမှာ ရွှေတစ်ဂရမ် ပေါက်ဈေးဟာ ရူပီး (၈)သိန်းဝန်းကျင်သာ ရှိတာကြောင့် Mask တွေရဲ့ ဈေးနှုန်းကြီးမြင့်မှုကို မြင်သာစေမှာပါ။ အင်ဒိုမှာတော့ ဝူဟန်ဗိုင်းရပ်စ်နဲ့ပတ်သက်ပြီး လက်ရှိအချိန်ထိ လူနာရှိတယ်ဆိုတဲ့သတင်း မကြားရသေးပါဘူး။ ဒါပေမယ့် ဒီဂယက်ကြောင့် Mask ဝယ်လိုအားက ကြောက်ခမန်းလိလိ မြင့်တက်နေပါတယ်။

အခု(၅၀)ပါ သာမန် Mask တစ်ဘူးရဲ့ပေါက်ဈေးဟာ အခုဆို ရူးပီး (၂၇၅၀၀၀)အထိ ရှိနေပြီး၊ ယခင်က ရူပီး (၃၀၀၀၀)သာ ရှိခဲ့ပါတယ်။ ဒီအတွက်ကြောင့် ငွေကြေးချို့တဲ့သူတွေအတွက် Mask တစ်ဘူးလောက် ဝယ်ဖို့ကို အတော်လေး မလွယ်ကူတဲ့ အနေအထား ဖြစ်နေပါတယ်။

လင်းသူရိန်

SHARE