သူ့ကြောင့်ဘောလုံးမှန်သွားတဲ့မိန်းကလေးကိုအားနာပြီး အနမ်းနဲ့တောင်းပန်ခဲ့တဲ့ Nadal

Instagram- rafaelnadal Twitter- @TheRealBozza1

ပြင်သစ် တင်းနစ်ကစားသမားတစ်ဦးဖြစ်တဲ့ Rafel Nadal ဟာ Australian Open တင်းနစ်ပြိုင်ပွဲမှာ သူရိုက်လိုက်တဲ့ ရိုက်ချက်ကြောင့် ဘောလုံးကောက်တဲ့ မိန်းကလေး မျက်နှာတည့်တည့်ကိုထိသွားတာကြောင့် ပွဲကို ခေတ္တခဏရပ်ပြီး ကောင်မလေးကို နှစ်သိမ့်ခဲ့ကြောင်း News 18 သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

Nadal ရဲ့ ထုံးစံအတိုင်း တစ်ဖက်က စပေးဘောလုံးကို အရှိန်ပြင်းပြင်းနဲ့ ရိုက်လိုက်တဲ့အချိန်မှာပဲ ဘောလုံးက အရှိန်ပြင်းစွာနဲ့ ဘောလုံးကောက်တဲ့ ကောင်မလေးရဲ့ နဖူးတည့်တည့်ကို ထိသွားတာပဲ ဖြစ်ပါတယ်။ ထိထိချင်းမှာပဲ Nadal ဟာ ချက်ချင်းဆိုသလို ကောင်မလေးနားကိုချဉ်းကပ်သွားပါတယ်။ ဘာမှမဖြစ်မှန်းသိတဲ့အချိန်မှာတော့ ကောင်မလေးရဲ့ ပါးကို အနမ်းပေးပြီး နှစ်သိမ့်ခဲ့ကြောင်းသိရပါတယ်။

“ကျွန်တော်စိတ်ထဲမှာ ဘာများဖြစ်သွားလဲဆိုပြီး ချက်ချင်းစိတ်ပူသွားတာ။ ဘောလုံးကလဲ တော်တော်ကို အရှိန်ပြင်းတယ်ဗျ။ နှဖူးတည့်တည့်ပဲ။ ဘာပဲဖြစ်ဖြစ် သူမဟာ တကယ်ကို ရဲရင့်တဲ့ မိန်းကလေးတစ်ယောက်ပါပဲ” လို့ Nadal က ချီးမွမ်းခဲ့ပါတယ်။ Nadal ရဲ့ အဆိုပါလုပ်ရပ်ဟာ ဆိုရှယ်မီဒီယာပေါ်မှာ ပျံ့သွားပြီး တကယ်ကို လူကြီးလူကောင်းဆန်တဲ့လုပ်ရပ်တစ်ခုလို့ တော်တော်များများက ချီးမွမ်းခဲ့ကြပါတယ်။

ကဲ ကလေးမလေး ဘာမှမဖြစ်လို့ ဝမ်းသာပါသတဲ့နော်။

Pyi Hein Kyaw

SHARE