Nadech နဲ့ Yaya တို့ရဲ့ ထိုင်းသင်္ကြန် (Songkran)အတွက် အစီအစဉ်

ထိုင်းမင်းသမီးချော Yaya Urassaya နဲ့ Nadech Kugimiya တို့ စုံတွဲကတော့  နာမည်ကြီး ထိုင်းဆယ်လီစုံတွဲ တစ်တွဲပါ။ သူတို့နှစ်ယောက်ဟာ တကယ်လည်း အရမ်းကို လိုက်ဖက်ကြပါတယ်။ သူငယ်ချင်းချစ်သူ စုံတွဲပါ။ဇာတ်ကား တွေမှာလည်း အတူတွဲသရုပ်ဆောင်ကြသလို မဂ္ဂဇင်းနဲ့ ကြော်ငြာတော်တော်များများကိုလည်း အတူ ရိုက်ကူးခဲ့ပါတယ်။

Yaya တစ်ယောက် Nadech နဲ့လမ်းခွဲပြီး  နိုင်ငံ့လက်ရွေးစင် ဓားရေးအားကစားသမားတစ်ယောက်နဲ့ လက်တွဲ လိုက်ပြီဆိုတဲ့ ကောလာဟလ သတင်းတွေ ထွက်ပေါ်ခဲ့ဖူးပါတယ်။ ဒီသတင်းတွေနဲ့ပတ်သက်ပြီး သူတို့နှစ်ယောက်က ပွဲတစ်ခုမှာ သတင်းထောက်တွေရှေ့မှာပဲ ရှင်းပြခဲ့ပါတယ်။ နှစ်ယောက်သားကြားက အခြေအနေတွေကို သတင်းထောက်တွေကို ပြတ်ပြတ်သားသား အသိပေးခဲ့တာပါ။ ပရိသတ်တွေရော၊သတင်းထောက်တွေကပါ သူတို့နှစ်ယောက်ရဲ့ တစ်ယောက်အပေါ် တစ်ယောက်ထားတဲ့ အချစ်ကို လက်ခံသဘောပေါက်ခဲ့ပါတယ်။ အဲ့ဒီလိုပြောပြီးနောက်မှာတော့ ပရိသတ်တွေကလည်း နှစ်ယောက်သားကို အတူတွဲပြန်တွေ့ခွင့်ရလို့ ပျော်နေကြပါတယ်။

READ
Sunday Journal ရဲ့ ကာဗာမော်ဒယ်အဖြစ် ပါဝင်ပေးခဲ့တဲ့ ဖြူဖြူထွေး

မကြာခင်မှာတော့ Songkran  ဆိုတဲ့ ထိုင်းသင်္ကြန်ပွဲတော်ကာလအတွင်း သူတို့ နှစ်ယောက် ဘာတွေ လုပ်ကြမလဲ ဆိုပြီး သူတို့ရဲ့ အစီအစဉ်တွေကို မေးခဲ့ပါတယ်။နှစ်ယောက်လုံးကတော့ အလုပ်တွေ များနေလို့ ခရီးထွက် မယ့်အ စီအစဉ် မရှိဘူးလို့ ဆိုပါတယ်။Yaya ကတော့ သူမမိခင်ဖြစ်သူရဲ့ ဆုံးဖြတ်ချက်ကို စောင့်နေကြောင်း၊ နော်ဝေ ကိုပဲ သွား မလား..နော်ဝေမှာရှိတဲ့ မိသားစုကပဲ ထိုင်းကိုလာပြီး မိသားစုတွေ ဆုံဖြစ်မလား ဆိုတာ မသေချာသေးဘူးလို့ ပြောပါ တယ်။Nadech ကတော့ အိမ်မှာပဲ ဖခင်ဖြစ်သူနဲ့ အတူ နေဖြစ်ဖို့ များတယ်လို့ ပြောခဲ့ပါတယ်။

Source thainews

SHARE