မိန်းမကနားပူနားဆာလုပ်လေ ပိုပြီးကျန်းမာရေးကောင်းလေလို့ လေ့လာတွေ့ရှိ

Shutterstock

အရင်တုန်းကတော့ ပျော်ရွှင်တဲ့ အိမ်ထောင်ရေးတွေဟာ ကျန်းကျန်းမာမာနဲ့ ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းကြရတယ်လို့ ပြောခဲ့ကြပေမယ့် ဒီနေ့ခေတ်မှာတော့ အားလုံး ပြောင်းလဲသွားခဲ့ပါပြီ။ စိတ်ဖိစီးမှုတွေ၊ ဖိအားတွေနဲ့ ဇနီးဖြစ်သူရဲ့အလိုမကျမှုတွေ ရှိနေတဲ့ အိမ်ထောင်ရေးမျိုးကသာ ယောင်္ကျားတွေကို ပိုပြီး အသက်ရှည်စေတယ်လို့ စစ်တမ်းတွေက ဖော်ပြနေကြတာပါ။

ဘာလို့များ နားပူနားဆာလုပ်တဲ့ မိန်းမတွေကြောင့် ယောင်္ကျားတွေ အသက်ရှည်ရှည်နေနိုင်ရတာလဲ။ အမေရိကန်နိုင်ငံ၊ မီချီဂန်တက္ကသိုလ်က ကျောင်းသားတွေ ပြုလုပ်တဲ့ စစ်တမ်းတစ်ခုမှာတော့ နားပူနားဆာ လုပ်တဲ့ မိန်းမတွေကို ပိုင်ဆိုင်ထားတဲ့ ယောင်္ကျားတွေဟာ အနာဂတ်မှာ ဆီးချိုဖြစ်ဖို့ အခွင့်အလမ်း တော်တော်လေး နည်းတယ်လို့ တွေ့ရတာကြောင့်ပါ။

သူတို့က အိမ်ထောင်ရှင်စုံတွဲ (၁၂၂၈)တွဲကို စစ်တမ်းကောက်ယူခဲ့တာဖြစ်ပြီး အသက် (၅၇)နှစ်ကနေ (၈၅)နှစ်အရွယ်တွေအထိ ပါဝင်ပါတယ်။

oneinchpunch/ Shutterstock

(၅)နှစ်ကြာ ပြုလုပ်ခဲ့တဲ့ လေ့လာမှု အပြီးမှာတော့ အဲဒီ စုံတွဲတွေထဲမှာ ဆီးချိုရောဂါရှိတဲ့သူ (၃၈၉)ယောက်ကို တွေ့ခဲ့ရပြီး သူတို့ရဲ့ ဇနီးသည်တွေက အေးအေးဆေးဆေးနေတတ်သူတွေလို့ တွေ့ရှိခဲ့ရပါတယ်။ ဆီးချိုသမားတွေဟာ ကိုယ့်ကိုယ်ကိုယ်အမြဲဂရုစိုက်နေရသူတွေဖြစ်တာကြောင့် ဆူဆူပူပူလုပ်တတ်တဲ့ မိန်းမတွေနဲ့မှ ကိုက်ညီပြီး ၊ ဆေးခန်းကိုလာဖို့၊ ဆေးစစ်ဖို့နဲ့ ကိုယ်နဲ့မတည့်တာတွေကို မစားဖို့ မိန်းမဖြစ်သူရဲ့ တွန်းအားပေးမှုကို ခံရလေ့ရှိတယ်လို့ သိရတာပါ။

READ
သဘာဝအတိုင်း ပတ်ဝန်းကျင်လေထုကို သန့်စင်ပြီး အိမ်ကိုအေးမြစေတဲ့အပင် (၆)မျိုး

ပရော်ဖက်ဆာတစ်ယောက်ဖြစ်တဲ့ ဒေါက်တာ ဟွိုင် က တစ်ခါတလေကျရင် ဆူပူမှုဟာ ဂရုစိုက်မှု ပုံစံတစ်မျိုးပဲဖြစ်ပြီး ဆူပူတဲ့မိန်းမမျိုးကို ရရှိတဲ့ယောင်္ကျားတွေဟာ မပျော်ရွှင်မှုအနည်းငယ် ရှိပေမယ့် ကျန်းမာရေးတော့ ကောင်းလေ့ရှိကြတယ် လို့ ဆိုပါတယ်။

oneinchpunch/ Shutterstock

တကယ်တော့ ဆူဆူပူပူ လုပ်တယ်ဆိုတာ လုပ်စရာရှိတဲ့အလုပ်တွေကို ပြီးအောင် လုပ်မထားတာမျိုး၊ မသေမသပ်နဲ့ လုပ်ထားတာမျိုး၊ စိတ်တိုင်းကျအောင် မလုပ်ထားတာမျိုးတွေမှာသာ အများဆုံးတွေ့ရပြီး အားလုံးအဆင်ပြေအောင် လုပ်ထားနိုင်တယ်ဆိုရင် ဇနီးသည်၊ ဒါမှမဟုတ် ခင်ပွန်းရဲ့ ဆူဆူပူပူ လုပ်ခြင်းကနေ ကင်းဝေးမှာပါ။

ဒီတော့ ဆူဆူပူပူ လုပ်တဲ့ လက်တွဲဖော်ကို ရထားတယ်ဆိုရင်လည်း စိတ်ညစ်မနေကြပဲ ဒါဟာ ကျန်းမာရေးကောင်းဖို့ ဖြစ်လာတယ်လို့ပဲ သဘောထားကြပါစို့နော်…။

Linn

SHARE