မွေးနေ့မှာ ခင်ပွန်းဆီကနေ အလိုချင်ဆုံးလက်ဆောင်လေးကို ရရှိခဲ့တဲ့ ပိုင်ဖြိုးသု

ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို ရရှိထားတဲ့ အနုပညာရှင်ဇနီးမောင်နှံနှစ်ယောက်ဖြစ်တဲ့ မင်းသမီးပိုင်ဖြိုးသုနဲ့ ဒါရိုက်တာဏကြီးတို့ကတော့ နှစ်ယောက်သား စိတ်တူကိုယ်တူရှိတဲ့ သာယာတဲ့ အိမ်ထောင်ရေးကို ပိုင်ဆိုင်ထားတဲ့ ဇနီးမောင်နှံနှစ်ယောက်ဖြစ်ပါတယ်။ သူတို့နှစ်ယောက်ကတော့ “မီ” ရုပ်ရှင်ကားကြီးနဲ့လည်း ပရိသတ်တွေရဲ့ အားပေးမှုတွေကို တခဲနက်ရရှိထားတာဖြစ်ပါတယ်။

ဒီကနေ့မှာ မွေးနေ့ကျရောက်တဲ့ မင်းသမီးချော ပိုင်ဖြိုးသုကတော့ သူမရဲ့ ခင်ပွန်းဆီကနေ suprise လက်ဆောင်လေးတွေ ရရှိခဲ့လို့ အရမ်းကို ပျော်ရွှင်နေတာဖြစ်ပါတယ်။ ဒါရိုက်တာ ဏကြီးကတော့ ပိုင်ဖြိုးအရမ်းကြိုက်ရတဲ့ ပစ္စည်းလေးတွေကို လက်ဆောင်ပေးခဲ့တာဖြစ်ပါတယ်။ ပိုင်ဖြိုးသုကတော့ သူမရဲ့ ခင်ပွန်းပေးထားတဲ့ လက်ဆောင်လေးတွေကို ဖေစ်ဘုတ်မှာ တင်ပေးထားတာဖြစ်ပါတယ်။

ပိုင်ဖြိုးသုကို ချစ်ကြတဲ့ ပရိသတ်တွေလည်း ပိုင်ဖြိုးသုကို မွေးနေ့ဆုတောင်းပေးလိုက်ကြပါဦးနော်။

Source: paing phyoe thu

SHARE