အိမ်ပိုင်ရှင်တွေ မဖယ်ပေးလို့ လမ်းကို ကွေ့ပတ်ဖောက်ခဲ့ရတဲ့ တရုတ်အစိုးရ

တစ်ခါက တရုတ်အစိုးရဟာ လမ်းအသစ်ဖောက်ဖို့အတွက် လူဦးရေ (၁၀၀၀) ကျော်ရှိတဲ့ ရွာတစ်ရွာကို ရွေ့ပြောင်းစေခဲ့ပါတယ်။ အဲ့ဒီထဲက လူနှစ်ယောက်ကတော့ ဘာတွေ ဘာလိုပဲရှိရှိ လုံးဝမဖယ်ပေးဘဲ အဆုံးထိနေသွားမယ်ဆိုပြီး ဆန့်ကျင်ခဲ့ကြတယ်။ နောက်ပြီး ဥပဒေအရ သဘောမတူရင် ဖျက်ခိုင်းတာ၊ ပြောင်းခိုင်တာ လုပ်လို့မရဘူးလို့ သိရပါတယ်။

news.nationalpost.com

အဲ့သလို ညှိလို့မရတာနဲ့ပဲ Zhejiang မြို့ Xiayangzhang ရွာရဲ့ လမ်းမသစ်ကြီးပေါ်မှာ သူတို့ အိမ်တစ်လုံးတည်း ထီးထီးကြီးအလယ်မှာ ရှိနေတာဖြစ်ပါတယ်။ တကယ်က စ ဆောက်ကတည်းက ဖျက်လို့မရအောင် အောက်ခြေကို အသေရိုက်ထားတဲ့ အတွက်ကြောင့်လည်း ဖြစ်တယ်။ တရုတ်နိုင်ငံမှာ အခုလိုမျိုး တည်ဆောက်ထားတဲ့ အိမ်တွေ အများကြီးရှိပါတယ်။

news.nationalpost.com
news.nationalpost.com
news.nationalpost.com

ဒီအိမ်ရဲ့ ပိုင်ရှင်တွေက အသက် (၆၇) နှစ်အရွယ် လယ်သမားကြီး Luo Baogen ဆိုသူနဲ့ ဇနီးတို့ဖြစ်ပါတယ်။ ဒီ (၅) ထပ်တိုက်မှာပဲ နေထိုင်ပြီး မရွေ့ပြောင်းရခြင်း အကြောင်းကတော့ အစိုးရရဲ့ ကမ်းလှမ်းမှုက မလုံလောက်တာကြောင့်လို့ သိရပါတယ်။ လယ်သမားကြီးရဲ့ ပြောပြချက်အရ  အစိုးရကသာ လောက်လောက်ငှငှ aပးမယ်ဆို ပြောင်းမယ်လို့ သိရပါတယ်။ ပေးတဲ့ ယွမ် (၂၆၀၀၀၀) (အမေရိကန် ဒေါ်လာ ၄၁၅၇၃) က ကုန်ကျစရိတ်နဲ့ ကာမိမှာ မဟုတ်ဘူးလို့လည်း ပြောပါတယ်။

READ
ကမ္ဘာကျော် Tom & Jerry ကာတွန်းဇာတ်လမ်းတွဲအကြောင်း လူသိနည်းသေးတဲ့ အချက်များ

သူတို့ တစ်ရွာလုံးဟာ (၂၀၀၄)ခုနှစ်က စပြီး တစ်အိမ်ပြီး တစ်အိပ်ဆိုသလို ပြောင်းရွှေ့သွားခဲ့ရင်းနဲ့ နောက်ပိုင်းမှာတော့ လယ်သမားကြီးတို့ လင်မယားရဲ့ အိမ်တစ်လုံးတည်းသာ ကျန်ခဲ့တာပါ။ (၂၀၀၉)ခုနှစ်မှာတော့ တရုတ်အစိုးရဟာ လယ်သမားကြီးတို့ အိမ်ကို ရေနဲ့ လျှပ်စစ်မီး ဆက်လက်ဖြန့်ဖြူးခြင်း မရှိတော့ပါဘူး။ ဂိုဏ်းစတားတွေ၊ လူမိုက်တွေ ပေါင်းစုံက အဘိုးကြီး၊ အဘွားကြီးလင်မယားကို မျိုးစုံ ခြိမ်းခြောက်တဲ့ အဖြစ်အပျက်တွေလည်း ရှိပါတယ်။

AFP
China Daily

လယ်သမားကြီး Luo ကတော့ “ကျွန်တော် ဒီနေရာမှာ မွေးလာခဲ့တာပါ။ ဒီနေရာမှာပဲ အသက်သေဆုံးတဲ့အထိ ခေါင်းချသွားချင်ပါတယ်။ ဘယ်ကိုမှ မရွှေ့ပေးနိုင်ပါဘူး” ဆိုပြီး ဖွင့်ဟခဲ့ပါတယ်။

news.nationalpost.com
news.nationalpost.com

ဒီလမ်းမဟာ မဖွင့်ရသေးတဲ့ Wenling မီးရထားဘူတာဆီ တည့်တည့်ကြီး ပေါက်တယ်လို့ သိရတယ်။ ဒါပေမယ့်လည်း အဆုံးသတ်မှာတော့ အာဏာပိုင်တွေရဲ့ အလွန်အမင်း ဖိအာပေးမှုကြောင့် လယ်သမားကြီး Luo ဟာ ၀မ်းနည်းစွာနဲ့ပဲ သူ့ရဲ့ အိမ်လေးပေါ်ကနေ (၂၀၁၂)ခုနှစ် ဒီဇင်ဘာ(၁)ရက်နေ့မှာ ဆင်းပေးခဲ့ရပါတယ်။ လျော်ကြေးငွေ ဘယ်လောက်ရလဲ၊ ဘယ်ကို ရွှေ့ပြောင်းခဲ့ရလည်းဆိုတာတော့ ဘယ်သူမှ မသိလိုက်ကြပါဘူး။

READ
ဆော်ဒီအာရေးဗျသဲကန္တာရထဲမှ အထီးကျန်စွာတည်ရှိနေတဲ့ ကျောက်တုံးနန်းတော်ကြီး
Boredpanda
bejingcream

Ref: Bored Panda

Matthew (ShweMOM)
SHARE