ထောင်ဒဏ် (၇၂)နှစ်၊ ဒဏ်ငွေ ရင်းဂစ်သန်း(၂၁၀) ချမှတ်ခံလိုက်ရတဲ့ မလေးဝန်ကြီးချုပ်ဟောင်း

Twitter/NajibRazal

တစ်ကမ္ဘာလုံးက စိတ်အဝင်စားဆုံး အမှုတွေထဲမှာ တစ်ခုအပါအဝင်ဖြစ်တဲ့ မလေးဝန်ကြီးချုပ်ဟောင်း နာဂျစ်ရာဇက်ရဲ့အမှုကတော့ ပြီးခဲ့တဲ့ရက်ကပဲ ကွာလာလမ်ပူမြို့ အဆင့်မြင့်တရားရုံးကြီးက အမိန့်စီရင်ချက် အသီးသီး ချမှတ်လိုက်ပြီ ဖြစ်ပါတယ်။ စီရင်ချက် ချခဲ့တဲ့ တရားသူကြီးကတော့ Mohd Nazlan Mohd Ghazali ဖြစ်ပါတယ်။

နာဂျစ်ဟာ အာဏာအလွဲသုံးစားလုပ်မှုမှာ အပြစ်ရှိကြောင်း ပေါ်ပေါက်ခဲ့တဲ့အတွက် ဇူလိုင်(၂၈)ရက်က ထောင်ဒဏ်(၁၂)နှစ်နဲ့ ငွေဒဏ် ဒေါ်လာသန်း(၅၀)နဲ့ ညီမျှတဲ့ ရင်းဂစ်သန်း(၂၁၀) ချမှတ်ခံခဲ့ရတာပါ။ ဒါ့အပြင် သူဟာ စုပေါင်းထောင်ဒဏ် (၇၂)နှစ်အထိ တဆက်ဆည်း ကျခံရမှာဖြစ်ကြောင်း သိရပါတယ်။

 

 

View this post on Instagram

 

Selamat pagi Malaysia. Pekan ready. Sidang Parlimen bermula sebentar lagi.

A post shared by Najib Razak (@najib_razak) on

နာဂျစ်ရာဇက်ဟာ ငွေကြေးခဝါချမှု (၃)မှုမှာလည်း အပြစ်ထင်ရှားခဲ့လို့ ထောင်ဒဏ်(၁၀)နှစ်စီ ချမှတ်ခံခဲ့ရပြီး၊ ယုံကြည်ကိုးစားမှုကို အလွဲသုံးစားမှု သုံးမှုအတွက်လည်း တစ်မှုချင်းစီအတွက် ထောင်ဒဏ် (၁၀)နှစ်စီ၊ နောက်ဆုံးစီရင်ခဲ့တဲ့ အာဏာအလွဲသုံးစားလုပ်မှုမှာလည်း အပြစ်ရှိလို့ ထောင်ဒဏ်(၁၂)နှစ် ချမှတ်ခံခဲ့ရတာပါ။

 

 

View this post on Instagram

 

Selesai solat sunat aidiladha. Saya di Pekan hari ini.

A post shared by Najib Razak (@najib_razak) on

နာဂျစ်ဟာ 1MBD (1 Malaysia Development Berhad )လို့ခေါ်တဲ့ ငွေကြေးအရှုပ်တော်ပုံကြီးမှာ အဓိက ကြိုးကိုင်ခြယ်လှယ်သူ ဖြစ်ခဲ့ပြီး၊ နောက်ပိုင်းမှာ အဂတိလိုက်စားမှုတိုက်ဖျက်ရေး အထူးတပ်ဖွဲ့က ဖမ်းဆီးတာကို ခံခဲ့ရပါတယ်။ သူဟာ ရင်းဂစ်(၄၂)သန်းကို အစိုးရရံပုံငွေထဲကနေ သူ့ဘဏ်စာရင်းထဲ လွှဲပြောင်းဖို့ ဖိအားပေးခဲ့ပါတယ်။ ဒီအတွက် သက်သေတွေက ခိုင်မာနေခဲ့တာပါ။

1 Malaysia Development Berhad အရှုပ်တော်ပုံအကြောင်း ပြန်ကောက်ရရင် (၂၀၁၅)ခုနှစ်မှာ ပေးရန်ရှိတဲ့ အကြွေးတွေ မပေးနိုင်ရာက စပါတယ်။ ဒီမှာက နိုင်ငံခြားသားတွေရဲ့ငွေတွေပါဝင် ပတ်သက်နေခဲ့ပြီး၊ အဲဒီရံပုံငွေဟာ ဒေါ်လာ သန်းပေါင်း (၄၅၀၀)အထိ ရှိခဲ့တယ်လို့ ဆိုပါတယ်။

ဒီအမှုမှာ ပါဝင်ပတ်သက်သူတွေဟာ ဒါဇင်နဲ့မကအောင် ရှိခဲ့ပြီး၊ အားလုံးဟာ ကိုယ်ပိုင်ဂျက်လေယာဉ်နဲ့၊ အဖိုးတန်ဇိမ်ခံအိမ်ကြီးတွေ ဝယ်ယူတာ၊ နာဂျစ်ရဲ့အိမ်မှာဆိုရင် ရွှေချောင်းတွေ၊ ဒေါ်လာတွေဟာ အလွန်များပြားတဲ့ ပမာဏအထိ ရှာဖွေသိမ်းဆည်းနိုင်ခဲ့တာတွေ ရှိခဲ့ပါတယ်။

ဒီအရှုပ်တော်ပုံဟာ The Wolf of Wall Street ဇာတ်ကားထုတ်လုပ်သူ ရီဇာအဇစ်နဲ့ပါ ပတ်သက်နေပါတယ်။ သူဟာ နာဂျစ်ရဲ့မွေးစားသားဖြစ်ပြီး၊ 1 MDB ရံပုံငွေကနေ ဒေါ်လာသန်း(၂၅၀)အထိ ရယူခဲ့သူလို့ စွပ်စွဲခံခဲ့ရသူပါ။ နာဂျစ်ကတော့ သူဟာ ဒီငွေတွေနဲ့ လုံးဝလွတ်ကင်းကြောင်း ငြင်းချက်ထုတ်ပြန်ခဲ့ပြီး၊ နောက်ဆုံးအထိ အယူခံဝင်သွားမှာပါတဲ့။

လင်းသူရိန်

SHARE