ရဲ့အရာရှိတွေကို ခုခံအကြမ်းဖက်ခဲ့တဲ့ အဖော်ချွတ်မော်ဒယ် အဖမ်းခံခဲ့ရ

အသက် 22 ၀န်းကျင်သာရှိသေးတဲ့ အင်စတာဂရမ်အဖော်အချွတ် မော်ဒယ် Brissa Dominguez-Garcia ဟာ တ၀န်ကျရဲအရာရှိတွေကို ခြေထောက်နဲ့ကန်ခြင်း၊ ဆဲရေးတိုင်းထွာခြင်း၊ ကိုယ်ထိလက်ရောက် တိုက်ခိုက်ခြင်း၊ ပ၀ါနဲ့ မျက်နှာကို ရိုက်ခြင်း စတဲ့ အကြမ်းဖက်ခုခံမှုတွေ ပြုလုပ်ခဲ့လို့ ဖမ်းဆီးခံခဲ့ရပါတယ်။

အခင်းဖြစချိန်မှာ Garica ဟာ ဖလော်ရီဒါပြည်နယ်ရှိ၊ ကလီးယားဝါးတားမှာတည်ရှိတဲ့ ဟော်တယ်တစ်ခုအခန်းထဲမှာ ရောက်နေပြီး၊ လုံခြုံရေးအရ ၀င်ရောက်စစ်ဆေးတဲ့ ရဲအရာရှိတွေကို တိုက်ခိုက်ခဲ့တာပါ။ သူမဟာ ကနဦးဆုံးဝင်လာတဲ့ ရဲအရာရှိမျက်နှာကို ရေချိုးခန်းသုံး ပ၀ါနဲ့ ရိုက်ခဲ့ပါတယ်။ ယင်းနောက် ရိုင်းပြစွာ ကန်ကျောက်ခဲ့တာပါ။

အခင်းဖြစ်ရာ ဟော်တယ်အမည်ကတော့ Edge Hotel ဖြစ်ပြီး၊ ဗုဒ္ဓဟူးနေ့ မနက် 4.30 နာရီမှာ Garcia က ပတ်ဝန်းကျင်ကို ဆူပူနှောက်ယှက်နေလို့ ရဲတပ်ဖွဲ့ကို ဟော်တယ်မန်နေဂျာက အကြောင်းကြားခဲ့ပါတယ်။ ယင်းနောက် Garcia က ရဲတပ်ဖွဲ့ရဲ့ စစ်ဆေးမှုကို အသာတကြည်လက်မခံဘဲ၊ ခုခံတိုက်ခိုက်ခဲ့လို့ ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။

READ
ကြောက်စရာ ကိုယ်ဝန် Scan ပုံကြောင့် ကိုယ်ဝန်ဖျက်ချဖို့ဖိအားပေးခံနေရတဲ့ အမျိုးသမီး

ဒါပေမယ့် ရဲတပ်သားတွေ ရောက်လာချိန်မှာ သူမဟာ အိပ်ယာထဲမှာ ကိုယ်လုံးတီးဖြစ်ပြီး၊ ရဲအရာရှိတစ်ဦးက ကိုယ်တုံးလုံးဖြစ်နေတဲ့ သူမက ပ၀ါတစ်ခုနဲ့ အမြန် အရှက်အကြောက်ကို ဖုံးအုပ်ဖို့ ပစ်ပေးလိုက်တာကို သူမက အဲဒီပ၀ါနဲ့ အဆိုပါ ရဲတပ်သားမျက်နှာကို ရိုက်ခဲ့ရာမှာ ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

လောလောဆယ်တော့ Garcia ကို ဒေါ်လာ 10000 နဲ့ အာမခံပေးကာ ရဲတပ်ဖွဲ့မှ ပြန်လွှတ်ပေးခဲ့ကြောင်း၊ Garcia ဟာ အချုပ်မှာ အိမ်သို့ ခြေလျှင် ပြန်သွားကြောင်း သိရပါတယ်။ Garcia ဟာ အင်တာနက် လူမှုကွန်ယက်ပေါ်မှာ အဖော်အချွတ် ရဲတင်းလို့ အမျိုးသားပရိသတ်တွေ နေ့ချင်းညချင်း တိုးလာသူဖြစ်ပါတယ်။

Garcia ရဲ့ အင်စတာဂရမ်ဟာ ဖွင့်ထားတာ မကြာသေးပေမယ့် ပရိသတ် 80000 ကျော် ရှိနေပြီး၊ တစ်ခါတရံမှာ ကိုယ်လုံးအလှကို အသားပေးထားတဲ့ ဗွီဒီယိုတွေလည်း တင်လေ့ရှိလို့ သူမနေထိုင်တဲ့ မြို့မှာတော့ နာမည်ကျော်တစ်ယောက် ဖြစ်ပါတယ်။

READ
ရထားပြတင်းပေါက်မှ ဆေးလိပ်သောက်ရင်း အပြင်ပြုတ်ကျသွားခဲ့တဲ့ ကမ္ဘာလှည့်ခရီးသည်

Shwemom Team မှ စီစဉ်တင်ဆက်သော www.shwemom.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ  ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

နတ်စည်တော် (Shwemom)

source : metro.co.uk

SHARE