လူတိုင်းကို အပြုံးနဲ့ နှုတ်ဆက်လေ့ရှိတဲ့ ချစ်စဖွယ် ကြောင်လေး Nala

Instagram/Nala

ကယ်ဆယ်ရေးစခန်းက Nala ဆိုတဲ့ကြောင်လေးရဲ့ထူးခြားချက်ကတော့ သူမရဲ့မျက်နှာလေးဟာ လူတိုင်းကိုပြုံးပြ နေတဲ့ပုံဖြစ်နေတာကြောင့်ပဲဖြစ်ပါတယ်။

Nala ကိုတွေ့တဲ့အချိန်တုန်းက သူမမှာကိုယ်ဝန်ကြီးနဲ့ကလေးမီးမဖွားနိုင်တဲ့အခြေအနေဖြစ်နေပါတယ်။ Nala ကို နယ်သာလန်နိုင်ငံမှလူတစ်ယောက်ကတွေ့ရှိပြီး တိရစ္ဆာန်ဆေးကုသပေးတဲ့ဆေးရုံကိုပို့ဆောင်ပေးခဲ့တာဖြစ်ပါတယ်။

Nala ဟာ အရေးပေါ်ကယ်ဆယ်မှုကိုခံယူပြီးတဲ့နောက် ကလေး(၂)ကောင်မွေးခဲ့ရာ တစ်ကောင်သာ အသက်ရှင် ကျန်ရစ်ခဲ့ပါတယ်။ နယ်သာလန်နိုင်ငံရှိ တိရစ္ဆာန်ကာကွယ်ရေးစခန်းက Nala တို့သားအမိကို အေးအေးချမ်းချမ်းနဲ့ လုံခြုံစွာနေထိုင်နိုင်ဖို့အတွက် သူတို့ရဲ့ထိန်းသိမ်းရေးစခန်းမှာပဲ ခေါ်ယူထားခဲ့ပါတယ်။

 

 

View this post on Instagram

 

How’s your weekend going? I love you❤️

A post shared by Nala Cat ™ (@nala_cat) on

လေးပတ်ကြာပြီးနောက် Nala ရဲ့ကလေးဟာ ကျန်းမာရေးကောင်းပြီးကြီးထွားလာကာ လွတ်လွတ်လပ်လပ်တောင် လျှောက်သွားနေပြီဖြစ်ပါတယ်။ ဒီကြောင်လေးကတော့ သူအမြဲနေနေတဲ့အိမ်ကိုပြောင်းရွှေ့သွားပြီဖြစ်ပါတယ်။

Nala ကိုလည်း သူမနေထိုင်တဲ့နေရာမှာရှိတဲ့လူတိုင်းက ချစ်ခင်ကြပါတယ်။

 

 

View this post on Instagram

 

I can’t wait for Friday! How many pets do you have? ❤️

A post shared by Nala Cat ™ (@nala_cat) on

Nala က ကယ်ဆယ်ရေးစခန်းကိုလာတဲ့လူတိုင်းကိုပြုံးပြနှုတ်ဆက်လေ့ရှိတာကြောင့် သူကိုတွေ့တဲ့လူတိုင်းက ချစ်ခင်ကြပါတယ်။ကယ်ဆယ်ရေးစခန်းထဲကိုတစ်ယောက်ယောက်ဝင်လာရင် Nala ကအပြုံးလေးနဲ့ပြေးကြို တတ်ပါတယ်။သူမရဲ့အမြဲတမ်းပြုံးနေတဲ့ပုံဖြစ်ရတဲ့အကြောင်းရင်းကတော့ သူမရဲ့နှုတ်ခမ်းကကွဲနေတာကြောင့်ပဲဖြစ်ပါ တယ်။ဒါ့ကြောင့် သူမရဲ့အရေပြားအခြေအနေကြောင့် အထူးစားသောက်နေထိုင်ဖို့လိုအပ်တယ်လို့ ထိန်းသိမ်းရေး စခန်းက လုပ်အားပေးဝန်ထမ်းတစ်ဦးဖြစ်တဲ့ Ineke Kamps ကပြောပါတယ်။

READ
တရုတ်ရိုးရာဝတ်စုံတစ်စုံက အစပြုလို့ အွန်လိုင်းပေါ်မှာ ခေတ်စားလာနေတဲ့ ဘန်းစကား

စခန်းကိုလာရောက်လည်ပတ်တဲ့သူတွေကို Nala က ပွတ်သပ်ကာလည်း ချွဲတတ်ပါသေးတယ်။ပြီးတော့ သူ့ရဲ့ပြုံးနေတဲ့မျက်နှာလေးနဲ့လည်း လိုက်ကြည့်တတ်ပါသေးတယ်။ Nala နဲ့အတူထိုင်နေချိန်မှာဆိုရင် သူမရဲ့ပွတ်သပ်ကျီစယ်မှုတွေကြောင့် ခနလေးနဲ့ခင်မင်ရင်းနှီးသွားတတ်ပါတယ်။ Nala က လူတွေနဲ့ဒီလိုမျိုး ရင်းရင်းနှီးနှီးနေရတာကို နှစ်သက်ပျော်ရွှင်တယ်လို့ Ineke Kamps ကရှင်းပြခဲ့ပါတယ်။

 

အခုဆိုရင် Nala ရဲ့အသက်ဟာ(၂)နှစ်အရွယ်ရှိပြီဖြစ်ပါတယ်။ Nala ဟာ အိပ်နေတဲ့အချိန်မှာတောင် သူငယ်ချင်းတစ်ယောက်နဲ့ ပွေ့ဖက်အိပ်ရတာကို နှစ်သက်တဲ့ကြောင်လေးတစ်ကောင်လည်း ဖြစ်ပါတယ်။

READ
၁၀လလောက်ပျောက်နေပြီးကလေးမွေးတော့မှ မိသားစုတွေကိုဖွင့်ပြောတဲ့စုံတွဲ

Thae Su

SHARE