ကောက်ကျစ်လွန်းတဲ့ အဆက်ဟောင်းကို လှလှပပ လက်စားခြေခွင့်ပေးနေတဲ့ တိရစ္ဆာန်ရုံ

ကိုယ်အရမ်းချစ်ခဲ့ပေမယ့် ရက်ရက်စက်စက် အသဲခွဲခံရပြီး အလိမ်ညာမိခဲ့တဲ့ အဖြစ်မျိုးကို ကြုံဖူးသူတွေ ရှိမှာပါ။ ကိုယ့်ဘက်က ဘ၀တစ်ခုလုံးနဲ့ ရည်ရွယ်ခဲ့ပေမယ့် သူဟာ လိမ်ညာကောက်ကျစ်သူမှန်း သိသွားပြီးတဲ့နောက် သူနဲ့ပတ်သက်မိတဲ့ ကိုယ့်အဖြစ်ကိုကိုယ် နောင်တရမိတာမျိုး ရှိနေပြီလား။ ဒါဆိုရင်တော့ ကိုယ့်နှလုံးသားကို စုတ်ပြတ်သတ်သွားအောင် လုပ်ခဲ့တဲ့ အဆက်ဟောင်းကို လက်စားခြေဖို့ အဆင်သင့်ဖြစ်နေပြီထင်ပါတယ်။

သြစတေးလျတိရစ္ဆာန်ရုံတစ်ရုံက ဗယ်လင်တိုင်းနေ့အတွက် အစီအစဉ်ထူးတစ်ခုကို ပြုလုပ်ထားပါတယ်။ အဲဒါကတော့ တိရစ္ဆာန်ရုံက အဆိပ်ပြင်းမြွေတစ်ကောင်ရဲ့ နာမည်ကို ယုတ်မာကောက်ကျစ်လှတဲ့ ကိုယ့်အဆက်ဟောင်းနာမည် မှည့်ခေါ်ခွင့်ပေးမယ့် ပြိုင်ပွဲအစီအစဉ်ပဲ ဖြစ်ပါတယ်။ ကိုယ်လုပ်ရမှာက တိရစ္ဆာန်ရုံကို ကိုယ့်ရဲ့ အဆက်ဟောင်းက ဘယ်လောက်တောင် မြွေတစ်ကောင်လို စဉ်းလဲတဲ့သူဖြစ်တယ်ဆိုတာ စာလုံးရေ (၂၅) လုံးထက် မနည်း ဖောင်တင်ပေးပို့ရမှာ ဖြစ်ပါတယ်။

instagram

အဆက်ဟောင်းရဲ့ အမည်ပေးမယ့် မြွေကတော့ အခုတွေ့ရတဲ့ အညိုရောင်မြွေဖြစ်ပြီး ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေတွေထဲမှာ တစ်ကောင်အပါအ၀င် ဖြစ်ပါတယ်။ ဖောင်တင်တဲ့အထဲမှာ ကိုယ့်ရဲ့ အဆက်ဟောင်းဟာ ဘယ်လောက်ဆိုးဝါးသလဲ ရေးသားပြီး အဆက်ဟောင်းရဲ့ နာမည်နဲ့အတူ တောရိုင်းတိရစ္ဆာန်ကာကွယ်စောင့်ရှောက်ရေးရန်ပုံငွေအတွက် (၁) ဒေါ်လာလှူဒါန်းရမှာ ဖြစ်ပါတယ်။

READ
မူးရူးနေတဲ့မိခင်ကြောင့် မွေးကင်းစကလေး ကြွက်ကြီးတွေရဲ့ စားသောက်ခြင်းကိုခံရပြီးသေဆုံး

ပြိုင်ပွဲမှာ အနိုင်ရခဲ့ရင် ကိုယ့်တစ်သက်လုံး စိတ်ထဲ တနုံ့နုံ့နဲ့ မကျေမချမ်းဖြစ်နေစေတဲ့ အဆက်ဟောင်းရဲ့ နာမည်ကို မြွေနာမည်တွင်စေမှာဖြစ်လို့ တော်တော်လေး အားရကျေနပ်စရာပါပဲ။ အနိုင်ရတဲ့သူဟာ ဂုဏ်ထူးဆောင်လက်မှတ်လဲ ရရှိမှာ ဖြစ်သလို လာမယ့်နှစ်မှာလည်း ၄င်းမြွေကို နေ့တိုင်း အခမဲ့ကြည့်ရှုခွင့်ရမှာ ဖြစ်ကြောင်း သိရပါတယ်။ စိတ်ဝင်စားသူတွေအတွက် WildlifeSydney ရဲ့ လင့်ခ်လေးပါ ထည့်ပေးလိုက်ပါတယ်။

လင်းလင်း (ShweMom)

Ref: Unilad

SHARE