စိတ်ဝင်စားဖွယ်ကောင်းတဲ့ နောက်ခံဇာတ်ကြောင်းများနဲ့ ကမ္ဘာကျော်အမှတ်တံဆိပ်များ

instagram/rolex, instagram/pepsi

ကမ္ဘာပေါ်က ထင်ရှားတဲ့ အချို့သောကုန်ပစ္စည်းအမှတ်တံဆိပ်တွေဟာ ကြည့်လိုက်တာနဲ့ ဦးနှောက်ထဲ ချက်ခြင်းစွဲလွယ် မှတ်မိလွယ်ကြပါတယ်။ စားသုံးသူတွေအပေါ် သူတို့ပေးချင်တဲ့ message ကို အခက်အခဲမရှိ တိုက်ရိုက်ပေးနိုင်ကြပါတယ်။ အခုဖော်ပြပေးမှာကတော့ brightside ကနေတဆင့် တွေ့ရှိရတဲ့ ကမ္ဘာကျော်အမှတ်တံဆိပ်တွေ နောက်ကွယ်က စိတ်ဝင်စားဖို့ကောင်းတဲ့ နောက်ခံသမိုင်းကြောင်းတွေပဲ ဖြစ်ပါတယ်။

McDonald’s

instagram/mcdonalds

McDonald’s ဆိုင်ခွဲတွေ အလျင်အမြန်ကြီးပွားတိုးတက်လာအောင် ကြိုးပမ်းခဲ့သူကတော့ စွန့်ဦးတီထွင်သူ Ray Kroc ပဲ ဖြစ်ပါတယ်။ ဒါပေမယ့် McDonald’s ဆိုတဲ့ အမည်ကိုတော့ ၄င်းကို ကနဦးတီထွင်သူတွေကပဲ ပေးသွားခဲ့တာပါ။ ည်ီအစ်ကိုနှစ်ဦးဖြစ်တဲ့ Maurice နဲ့ Richard တို့ဟာ သူတို့ရဲ့ နောက်ဆုံးနာမည်စာလုံးတွေကို ပေါင်းကာ McDoanld’s လို့အမည်ပေးပြီး အမြန်စာစားသောက်ဆိုင် စတင်ဖွင့်လှစ်ရောင်းချခဲ့တာ ဖြစ်ပါတယ်။

ပထမဆုံးဆိုင်ကိုတော့ (၁၉၄၈) ခုနှစ်မှာ စတင်ဖွင့်လှစ်ခဲ့ပါတယ်။ နောက်ပိုင်းတော့ ဆိုင်ရဲ့ရောင်းအားကို အမေရိကန်စီးပွားရေးလုပ်ငန်းရှင်ကြီး Ray Kroc ကသဘောကျပြီး (၁၉၆၀) ခုနှစ်များအရောက်မှာတော့ ညီအစ်ကိုနှစ်ဦးလက်ထဲကနေ McDonald’s ကို ပြန်လည်ဝယ်ယူခဲ့တာ ဖြစ်ပါတယ်။ ထိုမှတဆင့် McDonald’s ဟာ ကမ္ဘာတစ်ဝှမ်းဆိုင်ခွဲပေါင်းများစွာ ဖွင့်လှစ်နိုင်ခဲ့ပြီး ကျော်ကြားလာတာ ဖြစ်ပါတယ်။

Google

instagram/google

ကမ္ဘာ့အကြီးဆုံး search engine ကြီးတစ်ခုဖြစ်တဲ့ Google ဟာ ဆက်သွယ်ရေးကဏ္ဏမှာ သြဇာအာဏာအကြီးမားဆုံး ကုမ္ပဏီကြီးတစ်ခု ဖြစ်ပါတယ်။ Google ဆိုပြီး အမည်တွင်လာတာကတော့ အခုလိုပါ။ Google ကို စတင်တည်ထောင်ခဲ့တဲ့ Larry Page နဲ့ Sergey Brin တို့ဟာ ကုမ္ပဏီစတည်ထောင်ကတည်းက သူတို့ကုမ္ပဏီဟာ အလျင်အမြန်ကြီးပွားတိုးတက်လာမယ့်အကြောင်း သိမြင်ကြပြီး ဖြစ်ပါတယ်။

READ
စာဖတ်ချိန်ရအောင် လုပ်ဆောင်နိုင်တဲ့ အချက်(၅)ချက်

ဒါကြောင့် နာမည်ပေးဖို့ ကြိုးစားတဲ့အခါ မရေမတွက်နိုင်တဲ့ အနန္တကိန်းကို ရည်ညွှန်းကာ Googol ဆိုပြီး အမည်ပေးခဲ့ပါတယ်။ ဒီနာမည်ကို မှတ်ပုံတင်တဲ့အခါမှာတော့ Larry Page က စာလုံးပေါင်းမှားပြီး Google လို့ ကုမ္ပဏီနာမည်အဖြစ် စာရင်းသွင်းခဲ့ပါတယ်။ Google အဖြစ်နဲ့ ကုမ္ပဏီနာမည်ဟာ စာလုံးပေါင်းသတ်ပုံမှားယွင်းစွာ အခုထိရှိနေခဲ့ပေမယ့်လည်း ယနေ့တိုင် ကုမ္ပဏီဟာ အောင်မြင်နေဆဲပဲ ဖြစ်ပါတယ်။

Pepsi

instagram/pepsi

Pepsi ကို အစာမကြေတဲ့အခါ သောက်သုံးဖို့ဆိုပြီး ကြေညာကာ စတင်ရောင်းချခဲ့တာပါ။ Pepsi ကို ဆေးဖော်စပ်ရောင်းသူတစ်ဦးဖြစ်တဲ့ Caleb Bradham က တီထွင်ခဲ့တာ ဖြစ်ပါတယ်။ Pepsi ရဲ့ မူရင်းနာမည်က Brad’s Drink ဖြစ်ပါတယ်။ သောက်လိုက်တာနဲ့ လေကြေစေတယ်၊ လန်းဆန်းစေတယ်၊ အစာကြေစေတယ်လို့ Caleb က ကြေညာရောင်းခဲ့တာပါ။ နောက်ပိုင်း အချိုရည်က ရောင်းအားကောင်းလာတော့ Caleb က ပိုပြီးဆွဲဆောင်မှုရှိတဲ့ နာမည်ပေးဖို့ စိတ်ကူးခဲ့ပါတယ်။ Caleb ဟာ အစာမကြေခြင်းအတွက် ဆေးသိပ္ပံအရခေါ်တဲ့စကားလုံး dyspepsia နဲ့ အချိုရည်ဖော်စပ်တဲ့ထဲမှာ တစ်စိတ်တစ်ဒေသပါတဲ့ kola nut တို့ကိုပေါင်းပြီး Pepsi-Cola လို့ အမည်ပြောင်းလဲခဲ့တာ ဖြစ်ပါတယ်။

READ
၂၀၁၉ စစ်တမ်းအရ ကမ္ဘာအနှံ့မှ အရပ်အနိမ့်ဆုံးနိုင်ငံများ စုစည်းမှု

Rolex

instagram/rolex

အဖိုးတန်အကောင်းစားနာရီအမှတ်တံဆိပ်ဖြစ်တဲ့ Rolex ကုမ္ပဏီကို စတင်တည်ထောင်သူကတော့ Hans Wilsdorf ပဲ ဖြစ်ပါတယ်။ သူဟာ သူ့ရဲ့နာရီအမှတ်တံဆိပ်သစ်အတွက် နာမည်ပေးဖို့ကြိုးစားရာမှာ အဘက်ဘက်ကနေ စဉ်းစားခဲ့ပါတယ်။ သူပေးတဲ့နာမည်ကို ဘယ်ဘာသာစကားပြောသူမဆို အလွယ်တကူ အသံထွက်နိုင်ရမယ်၊ ပြီးတော့ နာရီဖန်တီးတဲ့အခါ နာရီမှန်ထဲမှာလည်း စာလုံးဟာ ကြည့်ကောင်းနေရမယ် ဆိုပြီးတော့ပါ။

သူဟာ အက္ခရာသင်္ကေတတွေကို နည်းလမ်းထောင်ပေါင်းများစွာနဲ့ ပေါင်းစပ်ခဲ့ပါတယ်။ ဒါပေမယ့် သူ့စိတ်ကြိုက်မတွေ့ခဲ့ပါဘူး။ တစ်နေ့တော့ မြင်းရထားတပ်လှည်းတစ်စီးကြောင့် သူအသစ်တည်ထောင်မယ့် ကုမ္ပဏီရဲ့ ကံကြမ္မာက ပြောင်းလဲခဲ့ရပါတယ်။ အကြောင်းရင်းကတော့ သူဟာ မြင်းရထားစီးရင်း Genius လို့ အသံထွက်ကြည့်ရာမှ သူ့နားထဲ Rolex လို့ ကြားလိုက်ရတဲ့အတွက် ကုမ္ပဏီနာမည်ကို ဒီတိုင်းပဲ ပေးဖြစ်ခဲ့တာ ဖြစ်ပါတယ်။

လင်းလင်း (ShweMom)

SHARE