နန်းမြတ်ဖြိုးသင်းရဲ့ ကလေးလေးအတွက် သူငယ်ချင်းတွေပြုလုပ်ပေးတဲ့ gender reveal ပါတီ

သရုပ်ဆောင်တစ်ယောက်အဖြစ်သာမက အဆိုတော်တစ်ယောက်အဖြစ်လည်းအနုပညာလောကမှာ လူသိများတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ နန်းမြတ်ဖြိုးသင်းကတော့ အိမ်ထောင်ကျပြီးနောက်မှာလည်း ပရိသတ်တွေနဲ့ အဆက်အသွယ်မပြတ်ပဲ အနုပညာအလုပ်တွေကို ဆက်ပြီးတော့ ကြိုးစားနေတဲ့ သူတစ်ယောက်ဖြစ်ပါတယ်။ သူမကတော့ သိပ်မကြာခင်ကမှာ ရင်သွေးလေးကို လွယ်ထားရပြီဖြစ်တဲ့အကြောင်းကို ပရိသတ်တွေကို အသိပေးခဲ့ပါတယ်။

ဒီကနေ့မှာတော့ နန်းမြတ်ဖြိုးသင်းဟာ သူမရဲ့ ကလေးလေးဟာ ယောကျာ်းလေးလား၊ မိန်းကလေးလားဆိုတာ ဖေစ်ဘုတ်ကနေတစ်ဆင့် ပရိသတ်တွေကို အသိပေးခဲ့တာဖြစ်ပါတယ်။ နန်းမြတ်ဖြိုးသင်းကတော့ “It’s A Boy အရမ်းကိုရင်ခုန်ပျော်စရာကောင်းခဲ့တဲ့အခိုက်အတန့်များသားသားလေး(or)မီးမီးလေး ကိုစစ်ထားတဲ့သွေးအဖြေကိုပို့ဖို့ဆေးခန်းကemailတောင်းတော့နန်းသူဇာဆီပို့ခဲ့တယ်
ကိုယ်ကဘာလေးမှန်း မသိရသေးဘူးပေါ့
gender reveal partyလေးလုပ်ကြမယ်ဆိုပီးခေါ်လို့သွားတယ်

ရင်တုန်တာမှလမ်းတဝက်ကလှည့်ပြန်ရင်ကောင်းမလားတောင်တွေးမိတယ်ပွဲစီစဉ်ပေးတဲ့နန်းသူဇာနဲ့ထက်
ဗီဒီယိုလေးရိုက်ပေးတဲ့ကိုထက်လာပီးအတူပျော်ပေးတဲ့ချစ်တဲ့သူတွေကြောင့်ဘဝရဲ့အမှတ်တရလေးဖြစ်ခဲ့ရတဲ့အတွက်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်” လို့ရေးထားတာဖြစ်ပါတယ်။

သူငယ်ချင်းတွေကျင်းပပေးတဲ့ Gender Reveal ပါတီလေးနဲ့ သူမရဲ့ ကလေးလေးက ယောကျာ်းလေးဆိုတာကို သိခဲ့ရတဲ့ နန်းမြတ်ဖြိုးသင်းကတော့ အရမ်းကို ရင်ခုန်စိတ်လှုပ်ရှားပြီးပျော်နေတယ်ဆိုတာ ဓါတ်ပုံလေးတွေကြည့်ရင် သိနိုင်ပါတယ်။ နန်းမြတ်ဖြိုးသင်းနဲ့ သူမရဲ့ကလေးအတွက် သူငယ်ချင်းတွေ ကျင်းပပေးခဲ့တဲ့ ပါတီပွဲလေးက ဓါတ်ပုံလေးတွေကို တင်ဆက်ပေးလိုက်ပါတယ်။

READ
Fifty Shades Darker အတွက် Sexy Music Video ကို လန်ဒန်မှာ ရိုက်ကူးခဲ့

SOurce: Nann Myat Phyo Thin

SHARE