သူမရဲ့ အငြိမ်းချမ်းဆုံးအချိန်လေးအကြောင်း ပြောပြလာတဲ့ နန်းစန္ဒာလှထွန်း

MRTV-4 ရုပ်သံဇာတ်လမ်းတွေကနေတစ်ဆင့် ပရိသတ်တွေရဲ့ ရင်ထဲမှာ နေရာယူလာတဲ့ မင်းသမီးလေးတစ်ယောက်ဖြစ်တဲ့ နန်းစန္ဒာလှထွန်းကတော့ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို တခဲနက်ရရှိနေတဲ့ မင်းသမီးတစ်ယောက်ဖြစ်ပါတယ်။ သူမကတော့ ဖေစ်ဘုတ်ပေါ်မှာ သူမရဲ့ နေ့စဉ်ဘဝပုံရိပ်လေးတွေကို တင်ပေးလေ့ရှိတဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်။ နန်းစန္ဒာလှထွန်းကတော့ ဒီကနေ့မှာလည်း သူမရဲ့ ခရီးသွားနေတဲ့ ပုံရိပ်တွေကို မျှဝေလာတာဖြစ်ပါတယ်။

နန်းစန္ဒာလှထွန်းကတော့ ဓါတ်ပုံလေးတွေတင်ရင်း သူမအတွက် အငြိမ်းချမ်းဆုံးအချိန်ဆိုတာ ဘယ်လိုမျိုးလဲဆိုတာကိုလဲ ပြောပြထားပါသေးတယ်။ နန်းစန္ဒာလှထွန်းကတော့ “မသေချာတဲ့ဘဝကြီးထဲမှာ သေချာတာတစ်ခုက ငါမရှိရင်မဖြစ်ဘူးဆိုတဲ့သူ ဒီကမ္ဘာမှာမရှိသေးဘူး … ပြီးတော့ ဘယ်သူ့ဆီကမှ ဘာကိုမှ မမျှော်လင့်တော့တဲ့အချိန်ဟာ အငြိမ်းချမ်းဆုံး အချိန်ပဲ ” လို့ ပြောထားတာဖြစ်ပါတယ်။

အဝါရောင်ပန်းခင်းမှာ အလှဆုံး ဓါတ်ပုံတွေ ရိုက်ခဲ့တဲ့ နန်းစန္ဒာလှထွန်းကတော့ အငြိမ်းချမ်းဆုံး အချိန်လေးကို ဖြတ်သန်းခဲ့ပုံပါပဲ။ ပရိသတ်တွေအတွက် နန်းစန္ဒာလှထွန်းရဲ့ ဓါတ်ပုံလေးတွေကိုလည်း တင်ဆက်ပေးလိုက်ပါတယ်။

READ
ပါကစ္စတန်ဗားရှင်း ‘DOTS’ မှာ ဆောင်ဂျွန်ကီနေရာက သရုပ်ဆောင်မယ့် မင်းသား

Source: Nan Sandar Hla Tun

SHARE