ချစ်သူရဲ့ မွေးနေ့စပရိုက်ကြောင့် ကမ္ဘာမှာကံအကောင်းဆုံးလူသားဖြစ်ခဲ့တဲ့ G Fatt

နာမည်ကျော် အဆိုတော်တစ်ယောက်ဖြစ်တဲ့ G Fatt နဲ့ အဆိုတော် မင်းသမီး နန်းဆုရတီစိုးတို့ကတော့ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို ရရှိထားတဲ့ အနုပညာရှင်စုံတွဲဖြစ်ပြီး ပရိသတ်တွေကို သူတို့ရဲ့ အချစ်ရေးနဲ့ ပတ်သတ်ပြီး ပွင့်ပွင့်လင်းလင်း ဖွင့်ပြလေ့ရှိတဲ့ သူနှစ်ဦးလည်းဖြစ်ပါတယ်။ သူတို့ကတော့ ရန်ဖြစ်လိုက် ပြန်ချစ်လိုက်နဲ့ ချစ်စရာကောင်းတဲ့ စုံတွဲလေးဖြစ်လို့ ပရိသတ်တွေ အားကျရတဲ့ သူတွေလည်းဖြစ်ပါတယ်။

ဒီဇင်ဘာလ ၃၁ ရက်နေ့မှာ ကျရောက်တဲ့ G Fattရဲ့ မွေးနေ့လေးမှာလည်း နန်းဆုကတော့ သူမရဲ့ ချစ်သူကို စပရိုက်အကြီးကြီးတိုက်ခဲ့ပါတယ်။ နန်းဆု ကတော့ မွေးနေ့စပရိုက်အပြင် ခွေးပေါက်စလေးတစ်ကောင်ကိုပါ လက်ဆောင်ပေးခဲ့သေးတာဖြစ်ပါတယ်။

G Fatt ကတော့”New Year Show အတွက် သီချင်းတိုက်နေတုန်း ..သူSurprise လာလုပ်ပေးတာ .. 😬 တကယ့်ကို အမှတ်တရ ည ပါပဲ .. သူ့ကို ကူညီပေးခဲ့ကြတဲ့ သူငယ်ချင်းတွေကိုလဲ ကျေးဇူးများစွာ တင်ရပါတယ် .. ကမ္ဘာမှာကံအကောင်းဆုံးလူသားလို့ ကိုယ့် သူငယ်ချင်းတွေကို ပါတ်ကြွား လိုက်တယ်” လို့ရေးထားပြီး ဗီဒီယိုလေးကိုပါ တင်ပေးထားပါသေးတယ်။

READ
ဆွဲဆောင်မှုအရှိဆုံး ဖိလစ်ပိုင်အနုပညာရှင်အမျိုးသမီး(၁၀)ဦး

Source: G fatt

 

SHARE