မွေးနေ့ရက်လေးမှာ အလှူအတန်းတွေလုပ်ပြီး အေးအေးချမ်းချမ်းဖြတ်သန်းခဲ့တဲ့ နန်းစုရတီစိုး

nan su yati soe facebook/photo: A Linn Young

အဆိုတော်၊သရုပ်ဆောင်တစ်ယောက်အဖြစ်နဲ့ အနုပညာလှုပ်ရှားမှုတွေကို ပြုလုပ်နေတဲ့သူတစ်ယောက်ဖြစ်တဲ့ နန်းစုရတီစိုးကတော့ ပရိသတ် အခိုင်အမာ ရရှိထားတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။ သူမကတော့ ဘိုမရုပ်လေးနဲ့ တူတဲ့သူတစ်ယောက်ဖြစ်လို့ ပရိသတ်တွေအချစ်ပိုရတဲ့သူလေးလည်းဖြစ်ပါတယ်။

nan su yati soe facebook/photo: Khant Min htin
nan su yati soe facebook/photo: Khant Min htin
nan su yati soe facebook/photo: Khant Min htin

ပရိသတ်တွေရဲ့ အချစ်တော် နန်းစုရတီစိုးကတော့ ဒီကနေ့ စက်တင်ဘာလ ၁၈ ရက်နေ့မှာ အသက် ၃၂ နှစ်ပြည့်သွားခဲ့ပြီဖြစ်ပါတယ်။ အမြဲလှပနုပျိုနေတဲ့ နန်းစုရတီစိုးကတော့ အသက် ၃၀ ကျော်သွားပေမဲ့လည်း ၂၀ကျော်လေးတစ်ယောက်လို လှပနုပျိုပြီး ချစ်စရာကောင်းနေဆဲပါပဲ။

nan su yati soe facebook/photo: Khant Min htin
nan su yati soe facebook/photo: Khant Min htin

နန်းစုရတီစိုးကတော့ သူမရဲ့ မွေးနေ့ရက်မြတ်လေးမှာ ဘုရားတက်ပြီး ကုသိုလ်ကောင်းမှုတွေပြုလုပ်ခဲ့တဲ့အပြင် သူမ ကိုယ်တိုင်ချက်ပြုတ်ပြင်ဆင်ပြီး အိမ်ရှေ့ဆွမ်းခံကြွလာတဲ့ သံဃာတော်တွေကို နေ့ဆွမ်းလှူဒါန်းခဲ့တာဖြစ်ပါတယ်။ မွေးနေ့လေးကိုရိုးရိုးရှင်းရှင်းလေး ဖြတ်သန်းခဲ့တဲ့ နန်းစုရတီစိုးရဲ့ ပုံရိပ်တွေကို မျှဝေပေးလိုက်ပါတယ်။

nan su yati soe facebook/photo: A Linn Young
nan su yati soe facebook/photo: A Linn Young
nan su yati soe facebook/photo: A Linn Young

Source: Nan Su Yati Soe

SHARE