ချစ်သူ G Fatt ကို ကျီစယ် ဂုဏ်ပြုပေးလိုက်တဲ့ နန်းဆုရတီစိုး

အဆိုတော် G fatt ရဲ့ သွားတိုက်တဲ့ပုံတွေကတော့ လက်တလော လူမှုကွန်ရက်စာမျက်နှာပေါ်မှာ အတော်လေး ကိုရေပန်စားနေပါတယ်။

သူငယ်ချင်းတစ်ယောက်က နောက်ပြောင်ပြီး G fatt သွားတိုက်တဲ့ပုံနဲ့ မွေးနေ့ဆုတောင်းပေးရာကနေ အဲ့ဒီပုံတွေဟာ အွန်လိုင်းပေါ်ကို အကုန်ပျံ့သွားခဲ့ပါတယ်။

Troll ကြသူတွေကလည်း G fatt သွားတိုက်ပုံတွေကို ဆက်တိုက် Troll နေကြပြီး လူမှုကွန်ရက်စာမျက်နှာပေါ်မှာ  ရယ်စရာ တစ်ခုလိုဖြစ်နေပါတယ်။နန်းဆုရတီစိုးက Troll ခံနေရတဲ့ သူမရဲ့ ချစ်သူ အတွက် ဂုဏ်ပြုပေးလိုက်ပါတယ်။

နန်းဆုကလည်း မယ်လိုဒီနဲ့ အတူ သွားတိုက်နေတဲ့ ဟန်လုပ်နေတဲ့ ပုံလေးကို တင်လိုက်ပါတယ်။

ကိုယ်တွေလည်းခေတ်မှီသွားအောင်  ..ဟိုအယ်ကိုကြီးကိုဂုဏ်ပြုသောအားဖြင့် သွားတိုက်ကြသည်..”  ဆိုပြီး တင်ထား ပါတယ်။

from နန်းဆုရတီစိုးရဲ့ fb

SHARE