ချစ်သူ နန်းဆုကို ကိုယ်တိုင်ကျစ်ဆံမြီးကျစ်ပေးတဲ့ G Fatt

နန်းဆုရတီစိုးကတော့ ပုဂံကို အလည်သွားခဲ့ပါတယ်။ သူမရဲ့ fb ပေါ်မှာလည်း ပုဂံကို အလည်သွားတဲ့ ပုံလေးတွေ တင်ထားပါတယ်။ နန်းဆုရဲ့ IG မှာတော့ ဗီဒီယိုဖိုင်လေးတစ်ခု တင်ထားပါတယ်။ အဲ့ဒီဗီဒီယိုဖိုင်ထဲမှာတော့ နန်းဆုကို တစ်စုံတစ်ယောက်က ကျစ်ဆံမြီးကျစ်ပေးနေတဲ့ ပုံလေးပါ။ လက်ပိုင်ရှင်ဘယ်သူလဲဆိုတာကို အားလုံး စိတ်ဝင်စားနေခဲ့ပြီး နန်းဆုရဲ့ FB Post အောက်မှာ ပရိသတ်တွေ ၀င်မန့်ထားတဲ့ ဓါတ်ပုံအရ ကျစ်ဆံမြီးကျစ်ပေးသူဟာ G Fatt ပါ။ အားလုံးကတော့ G Fatt ရဲ့ ကျစ်ဆံမြီးကျစ်တဲ့ skill ကို ချီးကျူးနေကြပါတယ်။

G fatt ရဲ့ ဒုတိယမြောက် အယ်ဘမ်သစ် 120/B ကို မတ်လ(၂)ရက်နေ့က ထွက်ရှိထားပါတယ်။ အခွေပရိုမိုးရှင်းပွဲနဲ့ ဖျော်ဖြေပွဲကိုတော့ Junction City မှာ ကျင်းပခဲ့တာဖြစ်ပြီး နန်းဆုရတီစိုးလည်း ဒီပွဲမှာ ပါဝင်ဖျော်ဖြေပေးခဲ့ပါတယ်။ 120/B  ထဲမှာ ပါတဲ့ “မမ”  သီချင်းဟာ ဆိုရင် G Fatt က သူရဲ့ ချစ်သူ မမ နန်းဆုရတီစိုးအတွက် ရည်ရွယ်ရေးစပ်ထားတဲ့ သီချင်းလို့ သိရပါတယ်။

Posted by Soe Soe on Monday, March 5, 2018

from နန်းဆုရတီစိုးနဲ့ G Fatt ရဲ့ fb

SHARE