ချစ်သူသက်တမ်း(၈)နှစ်၊(၈)လ၊(၈) ရက် ပြည့်သွားတဲ့ နန်းသူဇာနဲ့ ကျော်ထွဋ်ဆွေ

Image:fb/Nann Thuzar

ဒီနှစ် (၂၀၁၉)ခုနှစ်ထဲမှာတော့ နိုင်ငံတကာမှာရော၊မြန်မာ အနုပညာလောကထဲမှာပါ ဆယ်လီစုံတွဲ တွေ တော်တော်လေး ကွဲကြ ၊လမ်းခွဲ ကြတာကိုတွေ့ရပါတယ်။အကွဲအပြဲတွေ အရမ်းကိုများနေတဲ့ အချစ်နဲ့ အိမ်ထောင်ရေး နယ်ပယ်ထဲမှာ  နားလည်မှုတွေ၊အချစ်မေတ္တာတရားတွေ နဲ့ အခုထိ ရွှေလက်တွဲ မြဲ နေကြတဲ့ သူတွေလည်း ရှိပါတယ်။  ချစ်သက်တမ်းကြာရှည်ပေမယ့် တည်မြဲနေတဲ့ စုံတွဲတွေထဲမှာတော့ ကိုကျော်ကြီး ဆိုပြီး ပရိသတ်တွေက ခေါ်ကြတဲ့ ကျော်ထွဋ်ဆွေ နဲ့ နန်းသူ ဇာတို့ စုံတွဲ ကလည်း တစ်တွဲ အပါအ၀င်ပါ။

Image:fb/Kyaw Htut Swe
Image:fb/Kyaw Htut Swe

ကိုကျော်ကြီးနဲ့ နန်းသူဇာတို့ကတော့ အရမ်းကို ချစ်စရာကောင်းတဲ့ စုံတွဲလေးပါ။အနုပညာလောကထဲ စ၀င်တည်းက အခုချိန်ထိ အချစ်တွေ မပြယ်ကြတဲ့ အတွဲ လေးပါ။Surprise တွေ ခဏခဏလုပ်ပြီး အရမ်း Ro တတ်တဲ့ စုံတွဲ မျိုးတော့ မဟုတ်ပေမယ့် တစ်ယောက်နဲ့ တစ်ယောက် ချစ်သူလိုရော၊သူငယ်ချင်း မောင်နှမ တွေလိုပဲ နားလည်မှု အပြည့် နဲ့ လက်တွဲ နေကြတဲ့ စုံတွဲ လေး ဆိုတာကိုတော့ သူတို့နှစ်ယောက်တစ်ယောက်နဲ့ တစ်ယောက် ပြောဆို ဆက်ဆံ ပုံလေးတွေကို ကြည့်ရင်သိနိုင်ပါတယ်။တွဲလာတဲ့ ချစ်သူသက်တမ်းကတော့ (၉)နှစ်နီးပါးလောက်ကို ရှိပါပြီ။

READ
“Pretty Actress" ဆိုတဲ့ Image ကို ခွာချပစ်လိုက်ချင်ပြီဆိုတဲ့ Kim Tae Hee
Image:fb/Kyaw Htut Swe
Image:fb/Nann Thuzar

နန်းသူဇာ ကတော့ သူမရဲ့ Fb မှာ ချစ်သူနဲ့  တွဲလာတဲ့ ချစ်သက်တမ်း ကို ဖော်ပြ ခဲ့ပါတယ်။(၈)နှစ်၊(၈)လ (၈) ရက် ရှိပြီ ဆိုပြီး  ကိုကျော်ကြီးကို With လုပ်ပြီး တင်ထားပါတယ်။

“8 years 8 months 8 days 💚
ရစ်နည်းပေါင်းချုပ်ဆရာကြီး 👽 ဂြိုလ်သား က.ထ.ဆ နဲ့ တူတူ ရစ်ပေါင်းများစွာ ဆက်ရစ်သွားကြမယ်နော် 😂
Lub youuuu Kyaw Htut Swe 👽…” ဆိုပြီး ချစ်သူနဲ့ စုံတွဲ ပုံလေးကို တင်ရင်း ပြောထားပါတယ်။

Image:fb/Nann Thuzar
Image:fb/Nann Thuzar

မြန်မာဆယ်လီ လောကထဲမှာဆိုရင် နန်းသူဇာနဲ့ ကိုကျော်ကြီးတို့ စုံတွဲ အပြင် တွဲလာတာကြာနေတဲ့ နောက်ထပ် စုံတွဲ တစ်တွဲ ကတော့ လွှမ်းပိုင်နဲ့ Bobby Soxer တို့ အတွဲပါ။အနုပညာရှင်အသိုင်းအ၀ိုင်းကရော၊ပရိသတ်တွေ ကပါ ကြုံ ရင် ကြုံ သလို အမြန်ဆုံး လက်ထပ်ကြဖို့ တိုက်တွန်းခံနေရတဲ့ အတွဲလေးတွေပါ။

READ
မြန်မာဆန်ဆန်လေးနဲ့ လှနေတဲ့ သင်ဇာဝင့်ကျော်
Image:fb/Nann Thuzar

Source:နန်းသူဇာရဲ့ Fb

SHARE