ပြည်တွင်းလေယာဉ် စက်ချို့ယွင်းမှုကြောင့် ရင်တုန်ပန်းတုန်ဖြစ်ခဲ့ရတဲ့ နန္ဒာလှိုင်

မြန်မာနိုင်ငံရဲ့ အလှဆုံးမင်းသမီးတွေထဲက တစ်ယောက်လို့ သတ်မှတ်ခံထားရတဲ့ မင်းသမီးချော နန္ဒာလှိုင်ကတော့ သူမရဲ့ ကိုယ်တွေ့ဖြစ်ရပ်တစ်ခုအကြောင်းကို လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ရှယ်ထားပါတယ်။ ဒီဖြစ်ရပ်ကတော့ ဒီဇင်ဘာ(၁၀)ရက်နေ့က ကြုံခဲ့ရတာပါ။

ပုဂံကို လေယာဉ်နဲ့သွားမယ်ဆိုပြီး လေယာဉ်ပေါ်ရောက်ခါးပတ်ပါပတ်ပြီး လေယာဉ်ထွက်ခါနီးကျမှ စက်ပိုင်းဆိုင်ရာ စက်ချို့ယွင်းလို့ ပြန်ဆင်းခဲ့ရတာပါ။ ပြည်တွင်းလေယာဉ်မစီးဖြစ်တာ(၉)နှစ်ကျော်ရှိပြီး ဒါဟာ(၉)နှစ်အတွင်း ပထမဆုံးပြန်စီးတာလို့လည်း နန္ဒာလှိုင်က ပြောထားပါတယ်။

“ကျောက်ပန်းတောင်းသွားဖို့ မနက် 6:45 ပုဂံကိုလေယာဉ်စီးမယ်ဆိုပြီးလေယာဉ်ပေါ်မှာထိုင် ခါးပတ်ပတ် လေယာဉ်ကြီးထွက်ခါနီးမှာ လေယာဉ်စက်ပိုင်းဆိုင်ရာပြန်စစ်ဆေးဖို့ရှိပါသဖြင့်ခရီးသည်များလေယာဉ်ပေါ်မှခတ္တပြန်ဆင်းပြီးနားနေဆောင်မှာပြန်နားပေးကြပါဆိုတော့ ဘယ်လိုပြောရမလဲ ဆက်သွားရမယ့်ခရီးအတွက်ရင်ထဲမှာ ဖိုးသိုးဖတ်သပ် ကြီးပေါ့နော်…”

“ပြည်တွင်းလေယာဉ်မစီးတာ ၉ နှစ်ကျော်ပါပြီဒါပထမဆုံးအကြိမ်ပြန်စီးမှာပါ
ဪ ဘဝ ဘဝ
မဒီလေးလေယာဉ်လက်မှတ်မရလို့မလိုက်ရတာကံကောင်း…”

“ကျောက်ပန်းတောင်းကအမျိုးတို့ရေ
မလာတော့ဘူးနော် ခွင့်လွှတ်ပါ
နောက်တခါဆက်ဆက်လာပါ့မယ်
ရင်ထဲမှာကတုန်ကရင်နဲ့အရမ်းကိုကြောက်လို့ပါ
ဒီတခါမဆုံဖြစ်တဲ့အတွက်စိတ်မကောင်းပါဘူးရှင်…” ဆိုပြီး တင်ထားတာပါ။

READ
ခင်ပွန်း Kanye ဆီကနေ ရခဲ့ဖူးတဲ့ Kim Kardashianရဲ့ အလန်းစား စပရိုက်စ်လက်ဆောင်များ

မစီးရတာလည်း ကြာ၊ ပထမဆုံးပြန်စီးတော့ အခုလို အဆင်မပြေဖြစ်ရတော့ ကြောက်ပြီး မစီးတော့ပဲ ကျန်နေရစ်ခဲ့တာပါ။နန္ဒာလှိုင်ဟာ အိမ်ထောင်ကျပြီးတည်းက အနုပညာ အလုပ်တွေကိုမလုပ်တော့ဘဲ ရပ်နားထားခဲ့တာ အခုထိပါ။ အနုပညာအလုပ်တွေ ဆက်မလုပ်တော့ပေမယ့် ချစ်စရာ သမီးလေး(၃)ယောက်ရှိပြီး ပျော်စရာကောင်းတဲ့ Family Life ကို ပိုင်ဆိုင်ထားသူပါ။

from နန္ဒာလှိုင်ရဲ့ fb

Shwemom Team မှ စီစဉ်တင်ဆက်သော www.shwemom.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

SHARE