မော်တင်စွန်းဘုရားမှာ ထီးတော်တင်လှူပူဇော်ခဲ့တဲ့ နန္ဒာလှိုင်တို့ မိသားစု

နန္ဒာလှိုင်တို့ ဇနီးမောင်နှံကတော့ မကြာခဏဆိုသလို အလှူအတန်းတွေ ပြုလုပ်လေ့ရှိတာကို တွေ့ရပါတယ်။ အခုလည်း သူတို့ ဇနီးမောင်နှံဟာ နတ်လူသာဓုခေါ်စေနိုင်မယ့် အလှူပွဲလေးတစ်ခုကို လုပ်ခဲ့ပါတယ်။

ထီးတော်တင်အလှူပွဲလေး ဖြစ်ပါတယ်။ မြတ်မော်တင်စွန်း ဆံတော်ရှင်စေတီတော်မြတ်ကြီးမှာ ထီးတော်တင်လှူပူဇော်ခဲ့တာပါ။ အလှူ ပွဲကိုတော့ ဖေဖော်ဝါရီလ(၁)ရက်နေ့က ကျင်းပခဲ့တာပါ။ နန္ဒာလှိုင်ရဲ့ ခင်ပွန်းဇေသီဟရဲ့ FB မှာတော့ ..”ဂေါတမမြတ်စွာဘုရားပွင့်ပြီး အစောဆုံးတည်သည့် မြန်မာနိုင်ငံ၏ အနောက်တောင်ဘက်အစွန်းရှိ မော်တင်စွန်းဘုရား စိန်ဖူးတော် ငှက်မြတ်နားတော် ထီးတော်တင်လှူပွဲနှင့် မွေးနေ့ပွဲအလှူ …” ဆိုပြီး တင်ထားပါတယ်။

ဆံတော်ရှင်မြတ်မော်တင်စွန်းစေတီတော် ထီးတော်တင်ပွဲမှာတော့ နန္ဒလှိုင်က ယောဂီရောင်ဝတ်စုံလေးကို ၀တ်ဆင်ပြီး ကြည်လင်အေးချမ်းနေတာကို တွေ့ရပါတယ်။

FROM နန္ဒလှိုင်ရဲ့ FB

SHARE