ဗိုလ်ချုပ်မွေးနေ့ ဂါဝရပြုဖြစ်ခဲ့တယ်ဆိုတဲ့ နန်းခင်ဇေယျာ

ဒီကနေ့ ဖေဖော်ဝါရီ (၁၃)ရက်နေ့ကတော့ မြန်မာနိုင်ငံကို လွတ်လပ်ရေးရအောင် ကြိုးစားပေးခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ မွေးနေ့ပါ။ မြန်မာတစ်မျိုးသားလုံးက ဖခင်ဗိုလ်ချုပ်ဆိုပြီး ချစ်ခင်ရတဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ မွေးနေ့အထိမ်းအမှတ် အမှတ်တရပွဲလေးတွေကိုလည်း တစ်နိုင်ငံလုံးက နေရာအနှံ့အပြားမှာ ကျင်းပခဲ့ပါတယ်။

အလှမယ်တစ်ယောက်ဖြစ်တဲ့ မင်းသမီးချောလေး နန်းခင်ဇေယျာကတော့ ဗိုလ်ချုပ်ရဲ့မွေးနေ့မှာ ဗိုလ်ချုပ်ပန်းခြံက ဗိုလ်ချုပ်ကြေးရုပ်ရှေ့ကို သွားရောက်ဂါဝရပြုဖြစ်တယ်လို့ သိရပါတယ်။

“(၁၀၃) နှစ်ပြည့် ဗိုလ်ချုပ်မွေးနေ့မှာ ဂါရဝပြုခဲ့ပါတယ်…” ဆိုပြီးပုံလေးတွေ တင်ထားပါတယ်။ နန်းခင်ဇေယျာကတော့ အနုပညာအလုပ်တွေကို ပုံမှန်လေးပဲလုပ်ကိုင်နေပါတယ်။ ဇာတ်ကားတွေရိုက်၊ ဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင် နေတာကို တွေ့ရပါတယ်။

from နန်းခင်ဇေယျာရဲ့ fb

SHARE