အင်းလေးမှာ ကလေးလေးတစ်ယောက်လို လွတ်လွတ်လပ်လပ်အပန်းဖြေနေတဲ့ နန်းခင်ဇေယျာ

မြန်မာနိုင်ငံရဲ့ ဂုဏ်ဆောင်ခဲ့တဲ့ အလှမယ်ဟောင်းတစ်ယောက်ဖြစ်ပြီး လက်ရှိမှာလည်း အနုပညာလှုပ်ရှားမှုတွေကို ပြုလုပ်နေတဲ့သူတစ်ယောက်ဖြစ်တဲ့ နန်းခင်ဇေယျာကတော့ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို ရရှိထားတဲ့သူတစ်ယောက်ဖြစ်ပါတယ်။ နန်းခင်ဇေယျာကတော့ လတ်တလောမှာ အင်းလေးကို ရောက်ရှိနေတာဖြစ်ပါတယ်။

အနုပညာအလုပ်တွေကနေ ခေတ္တအနားယူပြီး အင်လေးက နာမည်ကြီး ဟိုတယ်တစ်ခုဖြစ်တဲ့ Santum Inle Resort ကို ရောက်ရှိနေတာဖြစ်ပါတယ်။ နန်းခင်ဇေယျာကတော့ ဒီကနေ့မှာ သူမရဲ့ အပန်းဖြေခရီးက ဓါတ်ပုံတွေကို ပရိသတ်တွေကို မျှဝေပေးလိုက်တာဖြစ်ပါတယ်။ ကလေးတစ်ယောက်လို လွတ်လွတ်လပ်လပ်နဲ့ အပနးဖြေနေတဲ့ နန်းခင်ဇေယျာရဲ့ ပုံရိပ်လေးတွေကတော့ ပရိသတ်တွေကိုတောင် အပျော်တွေ ကူးသွားစေနိုင်ပါတယ်။

နန်းခင်ဇေယျာကို အားပေးကြတဲ့ ပရိသတ်တွေအတွက် ဓါတ်ပုံတွေကို တင်ဆက်ပေးလိုက်ပါတယ်။ နန်းခင်ဇေယျာရဲ့ ဓါတ်ပုံတွေကို သဘောကျရဲ့လား ပရိသတ်ကြီးရေ။

Source: Nang Khin Zay Yar

SHARE