ဝန်းရံချင်သူတွေ တဟုန်ထိုးမြင့်တက်နေတဲ့ နန်းစုပုလဲထက်

လူမှုကွန်ရက်စာမျက်နှာပေါ်မှာ လက်တလောမှာ ၀န်းရံချင်စရာကောင်းတဲ့ ချစ်စရာအလှလေးတစ်ယောက် ထွက်ပေါ် နေပါတယ်။အွန်လိုင်းအသုံးပြုသူတွေကြားမှာတော့ သူမရဲ့ ဂုဏ်သတင်းက အတော်လေးကို ပျံ့နေပါတယ်။သူမရဲ့ နာမည် ကတော့ နန်းစုပုလဲထက်ပါ။ချစ်စရာကောင်းသူလေးဆိုပြီး ၀န်းရံချင်သူတွေကြောင့် သူမရဲ့ အကောင့်မှာတော့ Follower တွေ တဟုန်ထိုးမြင့်တက်နေပါတယ်။

နန်းစုပုလဲထက်ကတော့ တောင်ကြီးသူလေးပါ။(၂၀၀၅)မှာ မွေးဖွားခဲ့ပြီး သူမရဲ့ အသက်ကတော့  (၁၃) နှစ်ပါ လို့ fb မှာ ဖော်ပြ ထားပါတယ်။ရှမ်းပြည်နယ်က တောင်ကြီးသူလေးလို့ သိရပါတယ်။အချောအလှတွေ ထွက်တဲ့ တောင် ကြီး မြို့ကနေ နောက်ထပ်ထွက်ပေါ်လာတဲ့ အလှလေးဆိုပြီး ပရိသတ်တွေကတော့ အရမ်းကို အားပေးနေကြပါတယ်။ ဒီဇင်ဘာ (၁၀) ရက်နေ့  နံနက်ပိုင်းအထိတော့ Followers (၇)သောင်း(၉)ထောင်ကျော်လောက်ရှိနေပါပြီ။

သေချာပေါက်တောက်ပလာအုံးမယ့် အနုပညာကြယ်ပွင့်လေးဖြစ်လာအုံးမယ်လို့ အားလုံးကတော့ ထင်ကြေး ပေး နေကြပါပြီ။Nang Su Pearl Htet ရဲ့ ချစ်စရာ ပုံလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

READ
အချစ်အကြောင်း ဖွင့်ပြောလိုက်တဲ့ ဆောင်းဟေကို

Source Nang Su Pearl Htet

SHARE